(unicode)
The Darkest Minds (2018)
===========================
မြို့တစ်မြို့မှာ ကလေးတွေ အကြောင်းရင်းမရှိ
The Darkest Minds (2018)
===========================
မြို့တစ်မြို့မှာ ကလေးတွေ အကြောင်းရင်းမရှိ
အရုပ်ကြိုးပြတ်လဲကျသေဆုံးရာကနေ ဒီဇာတ်လမ်းဟာ စတင်ပါတယ်…
ရောဂါရှာမရ ဘာကြောင့်ရယ်မှန်းမသိ သေဆုံးသွားတဲ့
ကလေးအရေအတွက်ဟာများသထက်များလာပေမယ့်
တစ်ဖက်မှာတော့အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေလဲရှိနေပါသေးတယ်။
မိဘများရဲ့ပူဆွေးသောကတွေကိုလျစ်လျူရှုပြီး အစိုးရကအာရုံစိုက်တာကတော့
ရှင်ကျန်ခဲ့တဲ့ကလေးတွေရဲ့ခံနိုင်ရည်နဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုပါပဲ။
ရှင်ကျန်ခဲ့တဲ့ကလေးတွေမှာ စွမ်းရည်တွေရှိတယ်လို့ အစိုးရကသိပြီးတဲ့နောက်
ကလေးတွေကို ကုသကာကွယ်ဆေးပေးခန်း အမည်ခံ
အကျဉ်းစခန်းတွေမှာဖမ်းဆီးချုပ်နှောင်ထားပါတော့တယ်။
ဒီအကျဉ်းစခန်းကို အသက်၁၀နှစ်ပြည့်မွေးနေ့ပြီးနောက်တစ်ရက်မှာပဲ
အဖမ်းဆီးခံလိုက်ရတဲ့ ကလေးလေးနာမည်ကတော့ ရူဘီ ဒေလီပါပဲ။
သူမတူရှားပါးလှတဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အစွမ်းကြီးမားသူဆိုရင်
သတ်ပစ်တဲ့အကျဉ်းစခန်းမှာ သူဘယ်လိုရုန်းကန်အသက်ရှင်မလဲ?
အဲ့ဒီစခန်းကနေထွက်ပြေးဖို့ကြိုးစားပေမယ့် အောင်မြင်ပါ့မလား?
အကျဉ်းစခန်းမှာလဲ ကလေးတွေချုပ်နှောင်ခံထားရပေမယ့်အပြင်လောကမှာရော
ဘာတွေဖြစ်ပျက်ကုန်ပြီလဲ?
အသက်ငယ်ငယ်ရူဘီလေး ဒီအခက်အခဲတွေကို
သူမရဲ့သူမတူတဲ့စွမ်းရည်တွေနဲ့ကျော်ဖြတ်လို့ရောအောင်မြင်နိုင်ပါ့မလား? ဆိုတာ
စိတ်ဝင်တစားဇာတ်လမ်းရဲ့အဟုန်မှာလိုက်ပါစီးမျောအဖြေရှာကြည့်ပါ။
ဒီလို စွမ်းအားတွေပိုင်ဆိုင်ထားတဲ့လူငယ်လေးတွေတစ်ယောက်ဆီမှာ
ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်ဆိုတာရှိပါတယ်….
အဲဒါတွေကတော့ အပြာရောင် အစိမ်းရောင် အဝါရောင်ဟာ
သာမာန်စွမ်းအားသာရှိကြပြီးတော့ အနီရောင်နဲ့လိမ္မော်ရောင်ကတော့
ရှားပါးလွန်းတဲ့ စွမ်းအားမျိုးဖြစ်ပြီးတော့ အန္တရာယ်အရှိဆုံး
သတ်မှတ်ချက်တွေဖြစ်ပါတယ်..
ဒါပေမယ့် ရူဘီလေးကတော့ လိမ္မော်ရောင်အစွမ်းကို
ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်…
ဒီကားဟာ X Men ကားနဲ့ဆင်တူပုံစံဖြစ်ပြီးတော့
စွမ်းအားရှင်ကလေးငယ်တွေရဲ့အစွမ်းတွေကိုလည်း
စိတ်ဝင်စားဖွယ်မြင်ရမှာဖြစ်ပြီးတော့
ဇာတ်လမ်းပြီးတဲ့အထိ မငြီးမငွေ့ကြည့်ရှုရမှာတော့အာမခံပါတယ်။
သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်နှစ်သက်တတ်တဲ့
ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်စေမှာပါ။
ဇာတ်လမ်းကိုပေါ့သွားမှာစိုးရိမ်ကာ အညွှန်းကိုတတ်နိုင်သမျှ
အကျဉ်းချုံးထားတဲ့အတွက် အညွှန်းဖတ်ကြည့်ရုံနဲ့မသိနိုင်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို
ဒေါင်းလော့ဆွဲကြည့်ရှုနိုင်ဖို့အတွက်
The Darkest Minds (2018)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Translator ...... Aye Mon Kyaw
Encoder ....... Moe Myint Lwin
Encoder ....... Moe Myint Lwin
Credit
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
The Darkest Minds (2018)
===========================
ၿမိဳ႕တစ္ၿမိဳ႕မွာ ကေလးေတြ အေၾကာင္းရင္းမရွိ
The Darkest Minds (2018)
===========================
ၿမိဳ႕တစ္ၿမိဳ႕မွာ ကေလးေတြ အေၾကာင္းရင္းမရွိ
အ႐ုပ္ႀကိဳးျပတ္လဲက်ေသဆုံးရာကေန ဒီဇာတ္လမ္းဟာ စတင္ပါတယ္…
ေရာဂါရွာမရ ဘာေၾကာင့္ရယ္မွန္းမသိ ေသဆုံးသြားတဲ့
ကေလးအေရအတြက္ဟာမ်ားသထက္မ်ားလာေပမယ့္
တစ္ဖက္မွာေတာ့အသက္ရွင္က်န္ခဲ့တဲ့ကေလးေတြလဲရွိေနပါေသးတယ္။
မိဘမ်ားရဲ႕ပူေဆြးေသာကေတြကိုလ်စ္လ်ဴရႈၿပီး အစိုးရကအာ႐ုံစိုက္တာကေတာ့
ရွင္က်န္ခဲ့တဲ့ကေလးေတြရဲ႕ခံနိုင္ရည္နဲ႕ ထူးျခားတဲ့စြမ္းရည္ေတြကိုပါပဲ။
ရွင္က်န္ခဲ့တဲ့ကေလးေတြမွာ စြမ္းရည္ေတြရွိတယ္လို႔ အစိုးရကသိၿပီးတဲ့ေနာက္
ကေလးေတြကို ကုသကာကြယ္ေဆးေပးခန္း အမည္ခံ
အက်ဥ္းစခန္းေတြမွာဖမ္းဆီးခ်ဳပ္ေႏွာင္ထားပါေတာ့တယ္။
ဒီအက်ဥ္းစခန္းကို အသက္၁၀ႏွစ္ျပည့္ေမြးေန႕ၿပီးေနာက္တစ္ရက္မွာပဲ
အဖမ္းဆီးခံလိုက္ရတဲ့ ကေလးေလးနာမည္ကေတာ့ ႐ူဘီ ေဒလီပါပဲ။
သူမတူရွားပါးလွတဲ့ စြမ္းရည္ကိုပိုင္ဆိုင္ထားၿပီး အစြမ္းႀကီးမားသူဆိုရင္
သတ္ပစ္တဲ့အက်ဥ္းစခန္းမွာ သူဘယ္လို႐ုန္းကန္အသက္ရွင္မလဲ?
အဲ့ဒီစခန္းကေနထြက္ေျပးဖို႔ႀကိဳးစားေပမယ့္ ေအာင္ျမင္ပါ့မလား?
အက်ဥ္းစခန္းမွာလဲ ကေလးေတြခ်ဳပ္ေႏွာင္ခံထားရေပမယ့္အျပင္ေလာကမွာေရာ
ဘာေတြျဖစ္ပ်က္ကုန္ၿပီလဲ?
အသက္ငယ္ငယ္႐ူဘီေလး ဒီအခက္အခဲေတြကို
သူမရဲ႕သူမတူတဲ့စြမ္းရည္ေတြနဲ႕ေက်ာ္ျဖတ္လို႔ေရာေအာင္ျမင္နိုင္ပါ့မလား? ဆိုတာ
စိတ္ဝင္တစားဇာတ္လမ္းရဲ႕အဟုန္မွာလိုက္ပါစီးေမ်ာအေျဖရွာၾကည့္ပါ။
ဒီလို စြမ္းအားေတြပိုင္ဆိုင္ထားတဲ့လူငယ္ေလးေတြတစ္ေယာက္ဆီမွာ
ကိုယ္ပိုင္အဆင့္သတ္မွတ္ခ်က္ဆိုတာရွိပါတယ္….
အဲဒါေတြကေတာ့ အျပာေရာင္ အစိမ္းေရာင္ အဝါေရာင္ဟာ
သာမာန္စြမ္းအားသာရွိၾကၿပီးေတာ့ အနီေရာင္နဲ႕လိေမၼာ္ေရာင္ကေတာ့
ရွားပါးလြန္းတဲ့ စြမ္းအားမ်ိဳးျဖစ္ၿပီးေတာ့ အႏၲရာယ္အရွိဆုံး
သတ္မွတ္ခ်က္ေတြျဖစ္ပါတယ္..
ဒါေပမယ့္ ႐ူဘီေလးကေတာ့ လိေမၼာ္ေရာင္အစြမ္းကို
ပိုင္ဆိုင္ထားသူပဲျဖစ္ပါတယ္…
ဒီကားဟာ X Men ကားနဲ႕ဆင္တူပုံစံျဖစ္ၿပီးေတာ့
စြမ္းအားရွင္ကေလးငယ္ေတြရဲ႕အစြမ္းေတြကိုလည္း
စိတ္ဝင္စားဖြယ္ျမင္ရမွာျဖစ္ၿပီးေတာ့
ဇာတ္လမ္းၿပီးတဲ့အထိ မၿငီးမေငြ႕ၾကည့္ရႈရမွာေတာ့အာမခံပါတယ္။
သဲထိတ္ရင္ဖို ဇာတ္လမ္းဆန္းဆန္းေလးေတြကိုႀကိဳက္ႏွစ္သက္တတ္တဲ့
ပရိသတ္ေတြအတြက္ကေတာ့ အႀကိဳက္ျဖစ္ေစမွာပါ။
ဇာတ္လမ္းကိုေပါ့သြားမွာစိုးရိမ္ကာ အၫႊန္းကိုတတ္နိုင္သမွ်
အက်ဥ္းခ်ဳံးထားတဲ့အတြက္ အၫႊန္းဖတ္ၾကည့္႐ုံနဲ႕မသိနိုင္တဲ့ဇာတ္လမ္းဇာတ္ကြက္ေတြကို
ေဒါင္းေလာ့ဆြဲၾကည့္ရႈနိုင္ဖို႔အတြက္
The Darkest Minds (2018)ဆိုတဲ့ကားေလးကိုတင္ဆက္ေပးလိုက္ပါတယ္။
Translator ...... Aye Mon Kyaw
Encoder ....... Moe Myint Lwin
Encoder ....... Moe Myint Lwin
Credit
မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
Post a Comment