(unicode)
The Golden Monk (2017) မြန်မာစာတန်းထိုး
The Golden Monk (2017) မြန်မာစာတန်းထိုး
ယခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ တရုတ်ပြည်မှာရုံတင်ထားပြီးတော့ အောင်မြင်ကျော်ကြားနေတဲ့ The Golden Monk ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်ကားနာမည်ကိုကြားလိုက်တော့ တရုတ်ကားတွေရဲ့သဘောအရ Monk ဆိုတော့ Journey to the West တို့ Monkey King တို့ကို ပြေးမြင်မိမှာပေါ့။ ဒါပေမယ့် ဒီကားလေးက အသစ်တမျိုးကွဲထွက်နေတဲ့ ဇာတ်ကားလေးဖြစ်တယ်။
ဇာတ်လမ်းပုံစံက Fantasy နဲ့ Comedy ကို ရောစပ်ထားတာမလို့ လူတိုင်း ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းပုံစံလေးဖြစ်တယ်။ တခုမကောင်းပြောချင်တာကတော့ ခုနောက်ပိုင်းထွက်တဲ့ Fantasy ဇာတ်ကားတွေလိုမျိုးပဲ ဒီကားထဲမှာ Effect တွေ လွန်ကဲစွာ သုံးထားတာကိုတွေ့ရတယ်။ ဒါကိုတော့ မိမိသဘောမကျမိ။
ဇာတ်လမ်းကို အကျဉ်းချုံးပြောရရင်
ရှင်းဂွေါင်ဘုရားကျောင်းမှာ သတင်းသုံးနေထိုင်ပြီး သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ ဘူတန်(Zheng Kai)ဆိုတဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ တနေ့ ဘူတန်ရဲ့ဆရာ ဟာ ဘူတန်ကိုလမ်းညွှန်မှု အဆုံးမကောင်းတွေတွေပေးဖို့ လူ့ပြည်ကို "ကျောင်"ဆိုတဲ့နာမည်နဲ့ လူဝင်စားခဲ့တယ်။
ဘူတန်ဟာ အကြိမ်တစ်ရာသေဖူးရှင်ဖူးတဲ့ နတ်ဘုရားရဲ့ပြစ်ဒဏ်ကြောင့် မွေးတည်းက ဘုန်းကြီးတစ်ပါးဖြစ်ခဲ့ရတယ်။ ဘူတန်ဟာ ဂျိတ်(Xhang Yu Qi)ဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး ကြောက်စရာကောင်းတဲ့စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့တယ်။
ဘုန်းကြီးတစ်ပါးနဲ့ မိန်းမလှလေးတစ်ယောက်တို့ ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကိုတော့....
ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည်ရှုနိုင်ပါသည်။
Credit
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
Credit
👇👇👇👇👇
👇👇👇👇👇
Post a Comment