Latest Movie :

Lucy ( 2014 )


(unicode)
Lucy ( 2014 )
Bluray 720p 5.1 CH ( Link Update )
=================
လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။
ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီးခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြုစာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာသူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။၂၀%ကို အသုံးပြုနိုင်သူတွေဟာ လင်းပိုင်တွေဖြစ်ပြီး ဆိုနာလှိုင်းတွေကိုအသုံးပြုရင်း တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။မေးခွန်းက ဒီ့ထက်ပို အသုံးပြုခဲ့ရင်၊ အဆုံးစွန်ဆုံး ၁၀၀% အသုံးပြုခဲ့ရင် ဘာဖြစ်မလဲ ဆိုတာပါပဲ။လူစီရဲ့ ခန္ဓာကိုယ်ထဲက CPH4 တွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကိုအလွန်အကြူး လှုံ့ဆော်လာတဲ့အခါမှာ သာမန်ထက်ပိုထက် စွမ်းအားတွေရလာခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးထားတဲ့ လူတွေလက်ထဲကနေ ထွက်ပြေးပြီးနောက်ဆေးရုံကိုသွားပြီး ဗိုက်ထဲက အိတ်ကို ပြန်လည်ထုတ်ယူလိုက်ပါတယ်။နောက်မှာတော့ Lucy ဟာ သူ့ရဲ့ အခြေအနေကို ရိပ်စားမိသွားပြီးအကယ်၍ ဆေးထုပ်တွေ အကုန်လုံးသား မရခဲ့ရင် ဆဲလ်ကွဲပွားမှုကြောင့်သူသေသွားနိုင်ကြောင်း သိသွားပါတယ်။ ဒါကြောင့်ကိုရီယားလူဆိုးဂိုဏ်းခေါင်းဆောင် ရှိတဲ့ ဟိုတယ်ကိုသွားပြီးဆေးထုပ်တွေကို ဘယ်လမ်းကြောင်းကနေ ဖြန့်သလဲဆိုတာ စုံစမ်းပါတယ်။ဆေးထုပ်တွေ ဘယ်ရောက်သွားလဲဆိုတာ သိသွားပြီးနောက်မှာတော့လူစီဟာ ပရော်ဖက်ဆာ နော်မန်ဆီ ဆက်သွယ်ပါတော့တယ်။သူမတူတဲ့ စွမ်းအားတွေကို အစမ်းသဘောပြပြီးနောက်မှာတော့ပရော်ဖက်ဆာက သူနဲ့တွေ့ဖို့ သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့ လူစီဟာ ထိုင်ဝမ်ကနေ ပြင်သစ်ကို ခရီးဆက်ပါတယ်။ပြင်သစ်က ရဲတစ်ယောက်ဖြစ်တဲ့ Pierre Del Rio ဟာCPH4 နဲ့ ပတ်သက်တဲ့ သတင်းကို လူစီထံကနေ လက်ခံရရှိပါတယ်။ထူးခြားတဲ့ လူစီရဲ့ ပြောကြားချက်တွေကြောင့် Del Rio ဟာလူစီပြောတဲ့အတိုင်း လူဆိုးတွေကို ဖမ်းဆီးနိုင်လိုက်ပါတယ်။ဒါပေမယ့် လေယာဉ်ပေါ်မှာ လူစီဟာ ဆဲလ်ကွဲပွားမှု အလွန်အကျူး ဖြစ်လာပြီးသတိလစ်သွားတာကြောင့် Del Rio က လာဖမ်းပါတယ်။ဒါပေမယ့် လာဖမ်းတဲ့ရဲတွေကို လူစီက အလွယ်တကူပဲနှိမ်နင်းလိုက်ပြီး သူ့ကို ကူညီဖို့ Del Rio ကို ပြောပါတယ်။မငြင်းနိုင်တဲ့ Del Rio ဟာ လူစီခေါ်ဆောင်ရာ ပါသွားပါတယ်။လူစီနဲ့ ကိုရီးယား ဂိုဏ်းတို့ ဘယ်လို အားပြိုင်ကြမလဲ။ ပရော်ဖက်ဆာကရောသူ့ကို ဘယ်လို ကူညီမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါကုန်။နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ်သရုပ်ဆောင်ထားပါတယ်။ The Fifth Element နဲ့ The Lady ဇာတ်ကားတွေကိုရိုက်ကူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားပြီးကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီးRotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ ကျောရိုးယူဆချက် ကောင်းမွန်သလောက် အဲဒီယူဆချက်ကိုမှီအောင် ဇာတ်အိမ်ကို ဇွတ်အတင်းဆွဲသွင်း တည်ဆောက်ထားရတဲ့ဇာတ်ကားလို့ပဲ ဝေဖန်ချင်ပါတယ်။ ရုပ်ထွက် အထူးပြုလုပ်ချက်များစွာနဲ့စွဲဆောင်မှုရှိအောင် ဖန်တီးထားသလို မင်းသမီး Scarlett Johansson ရဲ့ညှို့ငင်နိုင်စွမ်းအားကို အဓိကအသုံးချပြီး ဇာတ်ကို သယ်ဆောင်သွားပေမယ့်ဇာတ်လမ်းအဆုံးသတ်ကတော့ အတော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။Logic တွေကို အရမ်းဦးစားပေးပြီး တကယ့်ဇာတ်အိမ်သယ်ရမယ့်အခန်းတွေမှာ ဖြစ်သလို ဇာတ်ကွက်တွေ ထည့်သွင်းထားတာကလည်း စိတ်ပျက်စရာပါ။ရန်သူကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပေမယ့်လည်း စွတ်ရွတ်အစွမ်းတွေထုတ်ပြနေပြီး တကယ်တမ်းကျတော့ လှည့်ကွက်တွေ သိပ်မပါပဲနောက်ဆုံးခန်းကျမှ သူပြချင်တဲ့ Logic ကို ထုတ်ပြရင်း မျက်လှည့်ပြထားပါတယ်။ဒီဇာတ်ကားထဲက Logic နဲ့ ပတ်သက်လို့ကတော့ ဟောလိဝုဒ်မှာအတော်လေး ရိုက်ခတ်သွားပြီး ငြင်းခုန်နေကြဆဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲက ရိုက်ချက်တွေနဲ့ မင်းသမီးရဲ့ သရုပ်ဆောင်ချက်တွေကတော့ထိပ်တန်းအဆင့် ရှိပါတယ်။ ခေါင်းစားခံနိုင်မယ့်သူမျိုးသာ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ သွေးအေးအေးနဲ့ ပစ်သတ်တဲ့ အခန်းတွေ၊သွေးထွက်သံယို အခန်းတွေကြောင့် Rating R အဆင့်သတ်မှတ်ထားတာကြောင့် ကလေးတွေ ကြည့်ဖို့ မသင့်တော်ပါဘူး။(ရုပ်ရှင်အညွှန်းကို Movie Guide မှကူးယူဖော်ပြသည်)






Credit











File size - 927MB
ဒီမှာဒေါင်းပါ - https://mm1ink.info/CZMT



















မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
   


















(zawgyi)
Lucy ( 2014 )
Bluray 720p 5.1 CH ( Link Update )
=================
လူစီဟာ ထိုင္ဝမ္နိုင္ငံ တိုင္ေပၿမိဳ႕မွာ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသူတစ္ေယာက္ပါ။သူ႕ရဲ႕ ရည္းစားက သူ႕ကို လိမ္ေခၚလာတာေၾကာင့္ ကိုရီးယားကလူဆိုးအဖြဲ႕တစ္ဖြဲ႕ဆီမွာ အဖမ္းခံရပါတယ္။ သူ႕ရည္းစားလည္းအသတ္ခံရၿပီး သူကေတာ့ CPH4 လို႔ေခၚတဲ့ စိတ္ႂကြေဆးတစ္မ်ိဳးကိုသယ္ေဆာင္ေပးဖို႔ အၾကပ္ကိုင္ခံရပါတယ္။
ဘယ္လို သယ္ေဆာင္ေပးရမလဲဆိုေတာ့ သူ႕ဗိုက္ကိုခြဲ၊CPH4 အိတ္ကို ဗိုက္ထဲ ထည့္ေပးလိုက္ပါတယ္။သူလိုမ်ိဳး ထည့္ေပးခံလိုက္ရသူ ၄ ဦးရွိၿပီး မတူညီတဲ့ ေနရာေတြဆီ ပို႔ေပးရမွာပါ။ဒါေပမယ့္ သူ႕ကို ေစာင့္ေပးရတဲ့ လူဆိုးတစ္ေယာက္နဲ႕ ျပႆနာတက္ၿပီးဗိုက္ကို အကန္ခံရတာေၾကာင့္ CPH4 အိတ္ေပါက္သြားၿပီးခႏၶာကိုယ္ထဲကို CPH4 ေတြ တိုက္ရိုက္ဝင္ကုန္ပါတယ္။ပေရာ္ဖက္ဆာ ဆမ္ျမဴရယ္ ေနာ္မန္ဟာ သက္ရွိေတြရဲ႕ ဦးႏွောက္နဲ႕အာ႐ုံေၾကာေတြ တိုးတက္ေျပာင္းလဲလာမႈကို သုေတသနျပဳစာတမ္းေရးသားေနသူျဖစ္ၿပီး သူ႕ရဲ႕ သီအိုရီအရ လူသားေတြဟာသူတို႔ဦးႏွောက္ရဲ႕ ၁၀%ကိုသာ အသုံးျပဳေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။၂၀%ကို အသုံးျပဳနိုင္သူေတြဟာ လင္းပိုင္ေတြျဖစ္ၿပီး ဆိုနာလွိုင္းေတြကိုအသုံးျပဳရင္း တစ္ေကာင္နဲ႕တစ္ေကာင္ ဆက္သြယ္ၾကေၾကာင္းလည္း ရွင္းျပခဲ့ပါတယ္။ေမးခြန္းက ဒီ့ထက္ပို အသုံးျပဳခဲ့ရင္၊ အဆုံးစြန္ဆုံး ၁၀၀% အသုံးျပဳခဲ့ရင္ ဘာျဖစ္မလဲ ဆိုတာပါပဲ။လူစီရဲ႕ ခႏၶာကိုယ္ထဲက CPH4 ေတြဟာ ဦးႏွောက္နဲ႕ အာ႐ုံေၾကာေတြကိုအလြန္အၾကဴး လႈံ႕ေဆာ္လာတဲ့အခါမွာ သာမန္ထက္ပိုထက္ စြမ္းအားေတြရလာခဲ့ပါတယ္။ သူ႕ကို ဖမ္းဆီးထားတဲ့ လူေတြလက္ထဲကေန ထြက္ေျပးၿပီးေနာက္ေဆး႐ုံကိုသြားၿပီး ဗိုက္ထဲက အိတ္ကို ျပန္လည္ထုတ္ယူလိုက္ပါတယ္။ေနာက္မွာေတာ့ Lucy ဟာ သူ႕ရဲ႕ အေျခအေနကို ရိပ္စားမိသြားၿပီးအကယ္၍ ေဆးထုပ္ေတြ အကုန္လုံးသား မရခဲ့ရင္ ဆဲလ္ကြဲပြားမႈေၾကာင့္သူေသသြားနိုင္ေၾကာင္း သိသြားပါတယ္။ ဒါေၾကာင့္ကိုရီယားလူဆိုးဂိုဏ္းေခါင္းေဆာင္ ရွိတဲ့ ဟိုတယ္ကိုသြားၿပီးေဆးထုပ္ေတြကို ဘယ္လမ္းေၾကာင္းကေန ျဖန႔္သလဲဆိုတာ စုံစမ္းပါတယ္။ေဆးထုပ္ေတြ ဘယ္ေရာက္သြားလဲဆိုတာ သိသြားၿပီးေနာက္မွာေတာ့လူစီဟာ ပေရာ္ဖက္ဆာ ေနာ္မန္ဆီ ဆက္သြယ္ပါေတာ့တယ္။သူမတူတဲ့ စြမ္းအားေတြကို အစမ္းသေဘာျပၿပီးေနာက္မွာေတာ့ပေရာ္ဖက္ဆာက သူနဲ႕ေတြ႕ဖို႔ သေဘာတူလိုက္ပါတယ္။အဲဒီေနာက္မွာေတာ့ လူစီဟာ ထိုင္ဝမ္ကေန ျပင္သစ္ကို ခရီးဆက္ပါတယ္။ျပင္သစ္က ရဲတစ္ေယာက္ျဖစ္တဲ့ Pierre Del Rio ဟာCPH4 နဲ႕ ပတ္သက္တဲ့ သတင္းကို လူစီထံကေန လက္ခံရရွိပါတယ္။ထူးျခားတဲ့ လူစီရဲ႕ ေျပာၾကားခ်က္ေတြေၾကာင့္ Del Rio ဟာလူစီေျပာတဲ့အတိုင္း လူဆိုးေတြကို ဖမ္းဆီးနိုင္လိုက္ပါတယ္။ဒါေပမယ့္ ေလယာဥ္ေပၚမွာ လူစီဟာ ဆဲလ္ကြဲပြားမႈ အလြန္အက်ဴး ျဖစ္လာၿပီးသတိလစ္သြားတာေၾကာင့္ Del Rio က လာဖမ္းပါတယ္။ဒါေပမယ့္ လာဖမ္းတဲ့ရဲေတြကို လူစီက အလြယ္တကူပဲႏွိမ္နင္းလိုက္ၿပီး သူ႕ကို ကူညီဖို႔ Del Rio ကို ေျပာပါတယ္။မျငင္းနိုင္တဲ့ Del Rio ဟာ လူစီေခၚေဆာင္ရာ ပါသြားပါတယ္။လူစီနဲ႕ ကိုရီးယား ဂိုဏ္းတို႔ ဘယ္လို အားၿပိဳင္ၾကမလဲ။ ပေရာ္ဖက္ဆာကေရာသူ႕ကို ဘယ္လို ကူညီမလဲဆိုတာကိုေတာ့ ဆက္လက္ရႈစားၾကပါကုန္။နာမည္ေက်ာ္ ညွို႔အားျပင္း မင္းသမီးေခ်ာ Scarlett Johanssonေခါင္းေဆာင္ပါဝင္ၿပီး ကိုရီးယား မင္းသားႀကီး Choi Min Sik ကJohansson နဲ႕ အၿပိဳင္ လူဆိုးႀကီးအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ပေရာ္ဖက္ဆာ ေနာ္မန္အျဖစ္ Morgan Freeman က Logic ေတြေတာ္ကီပြား႐ုံ သ႐ုပ္ေဆာင္ထားၿပီး Amr Waked က Del Rio အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္။ The Fifth Element နဲ႕ The Lady ဇာတ္ကားေတြကိုရိုက္ကူးခဲ့တဲ့ ျပင္သစ္ဒါရိုက္တာ Luc Besson က ရိုက္ကူးထားၿပီးကုန္က်စရိတ္ ေဒၚလာ သန္း ၄၀ပဲ ရွိခဲ့ေပမယ့္ ဝင္ေငြ သန္း ၁၀၀ ေက်ာ္ျပန္လည္ရရွိခဲ့တဲ့ ဇာတ္ကားျဖစ္ပါတယ္။ IMDb မွာ Rating 6.6 ရရွိထားၿပီးRotten Tomatoes မွာလည္း Tomatometer 62% ရရွိထားတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ဇာတ္လမ္းရဲ႕ ေက်ာရိုးယူဆခ်က္ ေကာင္းမြန္သေလာက္ အဲဒီယူဆခ်က္ကိုမွီေအာင္ ဇာတ္အိမ္ကို ဇြတ္အတင္းဆြဲသြင္း တည္ေဆာက္ထားရတဲ့ဇာတ္ကားလို႔ပဲ ေဝဖန္ခ်င္ပါတယ္။ ႐ုပ္ထြက္ အထူးျပဳလုပ္ခ်က္မ်ားစြာနဲ႕စြဲေဆာင္မႈရွိေအာင္ ဖန္တီးထားသလို မင္းသမီး Scarlett Johansson ရဲ႕ညွို႔ငင္နိုင္စြမ္းအားကို အဓိကအသုံးခ်ၿပီး ဇာတ္ကို သယ္ေဆာင္သြားေပမယ့္ဇာတ္လမ္းအဆုံးသတ္ကေတာ့ အေတာ္ကို စိတ္ပ်က္ဖို႔ ေကာင္းပါတယ္။Logic ေတြကို အရမ္းဦးစားေပးၿပီး တကယ့္ဇာတ္အိမ္သယ္ရမယ့္အခန္းေတြမွာ ျဖစ္သလို ဇာတ္ကြက္ေတြ ထည့္သြင္းထားတာကလည္း စိတ္ပ်က္စရာပါ။ရန္သူကို လြယ္လြယ္ကူကူ ရင္ဆိုင္နိုင္ေပမယ့္လည္း စြတ္႐ြတ္အစြမ္းေတြထုတ္ျပေနၿပီး တကယ္တမ္းက်ေတာ့ လွည့္ကြက္ေတြ သိပ္မပါပဲေနာက္ဆုံးခန္းက်မွ သူျပခ်င္တဲ့ Logic ကို ထုတ္ျပရင္း မ်က္လွည့္ျပထားပါတယ္။ဒီဇာတ္ကားထဲက Logic နဲ႕ ပတ္သက္လို႔ကေတာ့ ေဟာလိဝုဒ္မွာအေတာ္ေလး ရိုက္ခတ္သြားၿပီး ျငင္းခုန္ေနၾကဆဲ ျဖစ္ပါတယ္။ဇာတ္လမ္းထဲက ရိုက္ခ်က္ေတြနဲ႕ မင္းသမီးရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြကေတာ့ထိပ္တန္းအဆင့္ ရွိပါတယ္။ ေခါင္းစားခံနိုင္မယ့္သူမ်ိဳးသာ ၾကည့္သင့္တဲ့ဇာတ္ကားမ်ိဳးပါပဲ။ ေသြးေအးေအးနဲ႕ ပစ္သတ္တဲ့ အခန္းေတြ၊ေသြးထြက္သံယို အခန္းေတြေၾကာင့္ Rating R အဆင့္သတ္မွတ္ထားတာေၾကာင့္ ကေလးေတြ ၾကည့္ဖို႔ မသင့္ေတာ္ပါဘူး။(႐ုပ္ရွင္အၫႊန္းကို Movie Guide မွကူးယူေဖာ္ျပသည္)






Credit











File size - 927MB
ဒီမွာေဒါင္းပါ - https://mm1ink.info/CZMT



















မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
   







Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Channelmovies[5] - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger