Latest Movie :

Misery (1990)


(unicode)
Misery (1990)
စာရေးဆရာကြီး Stephen Kingရဲ့ Misery
ဝတ္ထုကိုပြန်ရိုက်ထားတဲ့ဒီရုပ်ရှင်ဟာ
Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။
ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာက
သရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ
ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်း >>>>
စာရေးဆရာ ပေါလ်ရှယ်ဒန်က
မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်း
အသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့
လူကြိုက်များအောင်မြင်တဲ့စာရေးဆရာကြီးတစ်ယောက်ပေါ့။
ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့
ပေါလ်ရှယ်ဒန်က သူ့ရဲ့နောက်ဆုံးထွက်မစ္စရီဝတ္ထုမှာ
မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။
ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့
ဟိုတယ်လေးမှာသွားရေးနေတုန်း
သူ့သမီးလေးမွေးနေ့အတွက်နယူးယောက်ကိုပြန်အလာမှာ
နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ခြေတွေလက်တွေ
နံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေ
စစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့မိန်းမကြီးက
ကယ်ဆယ်ပေးခဲ့ပါတယ်။
သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်က
သူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကို
အရူးအမူးစွဲလမ်းအားပေးတဲ့အကြီးစားပရိတ်သတ်တစ်ယောက်
ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ....
စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့
ပုံမှန်မဟုတ်တဲ့အပြုအမူတွေကိုသတိထားမိလာပါတယ်။
ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကို
ပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲ
သတိထားမိလာပြီး..
.နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ
မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ...
ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့
အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။
Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက
Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီ
း Kathy Batesရဲ့လက်ဖျားခါလောက်တဲ့
သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကို
ကြည့်သင့်ပါတယ်။
ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ
ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။
ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့
Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း
ကတိပေးလိုက်ရပါတယ်
ဒီရုပ်ရှင်ကားကို Kaung Khant Win က
ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ
ကိုယ်တိုင်ရေးပေးထားပါတယ်



Credit
File size - 769MB
ဒီမှာဒေါင်းပါ - https://mm1ink.info/MLZ6LPA





File size - 363MB
ဒီမှာဒေါင်းပါ -https://mm1ink.info/9zk85FP

မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI










(zawgyi)
Misery (1990)
စာေရးဆရာႀကီး Stephen Kingရဲ႕ Misery
ဝတၳဳကိုျပန္ရိုက္ထားတဲ့ဒီ႐ုပ္ရွင္ဟာ
Horror႐ုပ္ရွင္ေတြထဲမွာေတာ့ေျပာစမွတ္တြင္ခဲ့တဲ့႐ုပ္ရွင္ပါ။
ဒီဇာတ္ကားထဲက စိတၱဇအမ်ိဳးသမီးႀကီးေနရာက
သ႐ုပ္ေဆာင္တဲ့မင္းသမီးႀကီး Kathy Batesလဲ
ဒီဇာတ္ကားနဲ႕ပဲ ေအာ္စကာဆု၊ေ႐ႊကမၻာလုံးဆုေတြ ရခဲ့ပါတယ္။
ဇာတ္လမ္းအက်ဥ္း >>>>
စာေရးဆရာ ေပါလ္ရွယ္ဒန္က
မစၥရီဆိုတဲ့အမ်ိဳးသမီးဇာတ္ေကာင္အေၾကာင္း
အသားေပးေရးထားတဲ့လုံးခ်င္းဝတၳဳတြဲေတြနဲ႕
လူႀကိဳက္မ်ားေအာင္ျမင္တဲ့စာေရးဆရာႀကီးတစ္ေယာက္ေပါ့။
ဒါေပမယ့္ ၾကာလာေတာ့ မစၥရီအေၾကာင္းေရးရတာၿငီးေငြ႕လာလို႔
ေပါလ္ရွယ္ဒန္က သူ႕ရဲ႕ေနာက္ဆုံးထြက္မစၥရီဝတၳဳမွာ
မစၥရီဇာတ္ေကာင္ကို သတ္ပစ္လိုက္တယ္။
ၿပီးေတာ့သူ႕ရဲ႕ ဝတၳဳအသစ္ကို လူသူမနီးတဲ့
ဟိုတယ္ေလးမွာသြားေရးေနတုန္း
သူ႕သမီးေလးေမြးေန႕အတြက္နယူးေယာက္ကိုျပန္အလာမွာ
ႏွင္းမုန္တိုင္းမိၿပီးကားေမွာက္သြားခဲ့တယ္။ေျခေတြလက္ေတြ
နံရိုးေတြက်ိဳးၿပီး ႏွင္းမုန္တိုင္းထဲမွာသတိလစ္ၿပီးေသ
စစျဖစ္ေနတဲ့ သူ႕ကို အန္နီဝစ္ဆိုတဲ့မိန္းမႀကီးက
ကယ္ဆယ္ေပးခဲ့ပါတယ္။
သတိရလာေတာ့ သူ႕ကိုကယ္ခဲ့တဲ့အန္နီဝစ္က
သူနာျပဳေဟာင္းတစ္ေယာက္ျဖစ္တဲ့အျပင္သူ႕ရဲ႕မစၥရီဝတၳဳေတြကို
အ႐ူးအမူးစြဲလမ္းအားေပးတဲ့အႀကီးစားပရိတ္သတ္တစ္ေယာက္
ျဖစ္ေနတာေၾကာင့္စိတ္သက္သာရာရခဲ့ေပမယ့္လဲ....
စာေရးဆရာဟာ တေျဖးေျဖးနဲ႕ဆိုသလိုအန္နီဝစ္ရဲ႕
ပုံမွန္မဟုတ္တဲ့အျပဳအမူေတြကိုသတိထားမိလာပါတယ္။
ဒါ့အျပင္ အန္နီဝစ္ဟာ မစၥရီဇာတ္ေကာင္ကို
ပုံမွန္ထက္ပိုၿပီးခ်စ္ခင္စြဲလမ္းေနတာကိုလဲ
သတိထားမိလာၿပီး..
.ေနာက္ဆုံးထြက္မစၥရီစာအုပ္မွာ
မစၥရီေသသြားတာကို အန္နီဝစ္တစ္ေယာက္သိသြားခ်ိန္မွာ...
ဒီဇာတ္ကားဟာ ေသြးသံရဲရဲအခန္းေတြၾကမ္းတမ္းတဲ့
အသုံးအႏႈံးေတြ ပါဝင္တာေၾကာင့္R ratedသတ္မွတ္ထားပါတယ္။
Horror႐ုပ္ရွင္ေတြ မႀကိဳက္ရင္ေတာင္ဒီကားက
Horror,Drama,psycho thrillerအခ်ိဳးက်က်ေပါင္းစပ္ထားၿပီ
း Kathy Batesရဲ႕လက္ဖ်ားခါေလာက္တဲ့
သ႐ုပ္ေဆာင္ပီျပင္မႈေတြေၾကာင့္ၾကည့္ကို
ၾကည့္သင့္ပါတယ္။
ယုတၱိမရွိ ေပါေပါပဲပဲ jump scareေတြတစ္ကြက္မွမပါပဲ
ၾကည့္ရတဲ့သူကို ရင္တလွပ္လွပ္ျဖစ္ေစမွာပါ။
ဒါေၾကာင့္ Horror႐ုပ္ရွင္ေတြကိုျမတ္နိူးသူေတြအဖို႔
Miseryဟာလုံးဝစိတ္ပ်က္ေစရမွာမဟုတ္ေၾကာင္း
ကတိေပးလိုက္ရပါတယ္
ဒီ႐ုပ္ရွင္ကားကို Kaung Khant Win က
ဘာသာျပန္ေပးထားၿပီးအၫႊန္းကိုလဲ
ကိုယ္တိုင္ေရးေပးထားပါတယ္



Credit
File size - 769MB
ဒီမွာေဒါင္းပါ - https://mm1ink.info/MLZ6LPA





File size - 363MB
ဒီမွာေဒါင္းပါ -https://mm1ink.info/9zk85FP

မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI











Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Channelmovies[5] - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger