Latest Movie :

Kalank (2019)


(unicode)
Kalank (2019)
*****************************
Kalank ဇာတ်ကားကို ပရိသတ်မကြိုက်ကြဘူး။
အထူးသဖြင့် ဘောလီးဝုဒ် ရုပ်ရှင်ဝေဖန်ရေး
critics တွေက Kalank ကို အပြင်းအထန်
ဝေဖန်ရှုံချထားကြတယ်။ရှာရွခ်၊ အဂျေး၊ ကာဂျိုး၊
ရာနီး တို့နဲ့Kalank ကို ရိုက်ကူးပုံဖော်ချင်ခဲ့တဲ့
ကရန်းဂျိုဟာကို ရှာရွခ် နဲ့ကာဂျိုး ငြင်းဆန်ခဲ့တာ
မှန်တယ်လို့ဆိုရမယ်။
Kalank ရုပ်ရှင်ကို အိနိ္ဒယ ရူပီး ကုဋေ ၁၅၀
US ဒေါ်လာ ၂၅ သန် းနီးပါး အကုန်အကျခံ
ဖန်တီးထားသလို စတားတွေအနေနဲ့ဆိုလည်း
ဆန်ဂျေးဒတ်၊ ဗရွန်း၊ အဒီ၊ ကူနားလ်၊ မာဒူရီး၊
အာလီယား၊ ဆူနာရှီး၊ ကီရာ တို့လို ပရိသတ်
အခိုင်အမာရှိတဲ့ သူတွေကို သုံးထားတယ်။
ဒါပေမဲ့ Kalank ကို ပရိသတ်တွေ ဘာကြောင့်
မကြိုက်ကြတာလဲ။Critics တွေက ဘာလို့ပစ်တင်
ဝေဖန်ကြတာလဲ။ အိနိ္ဒယမှာ ပိတ်ရက်တွေ တန်းဆီ
ရထားပေမဲ့ ရုံဝင်ငွေဘာလို့မကောင်းတာလဲ ???
Kalank ဟာ ၁၉၄၅ ခုနှစ် ယနေ့ပါကစ္စတန်ဘက်
အခြမ်းမှာရှိတဲ့ လာဟိုးရ်မြို့အခြေပြု ဒရာမာရုပ်ရှင်
အမျိုးအစားဖြစ်ပါတယ်။ ဘောလီးဝုဒ် ခေတ်သစ်
ရိုမန်တစ်ဆရာကြီးလို့နံမည်ကျော်တဲ့ ဒါရိုက်တာ
ကရန်းဂျိုဟာက Kalank ကို Epic ရိုမန်တစ်ဒရာမာ
ရုပ်ရှင်ဖြစ်ဖို့အကြီးအကျယ် မျှော်လင့်ထားခဲ့ပေမဲ့
မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပါဘူး။ကရန်းက
ရှာရွခ် ကာဂျိုးတို့နဲ့မရိုက်ရတော့ သူ့တပည့်
ဗရွန်း အာလီယားတို့ကို ပွဲထုတ်ပြီး သူ့ရဲ့
အယုံကြည့်ရဆုံး တပည့် ဖြစ်တဲ့အပြင်
Jodha Akbar လို နန်းတွင်းရာဇဝင်ကားမှာ
လက်ထောက်ဒါရိုက်တာ လုပ်ခဲ့တဲ့ အဗီရှိတ်
ဘရ်မန်းကို ရှေ့ထွက် ရိုက်ခိုင်းခဲ့ပြီး နောက်ကနေ
ဇာတ်ကားတစ်ခုလုံးကို သူ့စိတ်ကြိုက် ပုံဖော်
ဖန်တီးထားတာဖြစ်တယ်။
Kalank မှာ ချပြတဲ့ ရိုမန်တစ် အခင်းအကျင်းဟာ
ကရန်းဂျိုဟာဖန်တီးခဲ့တဲ့ Kuch Kuch Hota Hai,
Kal Ho Naa Ho တို့ခြေဖျားတောင် မမှီသလို
Ae Dil Hai Mushkil လို ဇာတ်ကားနဲ့တောင်
ယှဉ်လို့မရတဲ့ ဇာတ်လမ်းမျိုးပါ။ သို့သော်လည်း
ကိုယ်ကတော့ Kalank ကို အရမ်းကြီး ဆိုးတဲ့
ဇာတ်လမ်းလို့မထင်ပါဘူး။ အားမရပေမဲ့လည်း
တစ်ကြိမ်လောက်ကတော့ ကြည့်ပျော်တယ်။
Kalank မှာ ပါတဲ့ အဓိက ဇာတ်ကောင်တိုင်းက
ဗီလိန်တွေချည်းပဲ။ ဇာတ်ကောင် တစ်ဦးချင်းက
သူတို့ဆန္ဒအတွက် တခြားသူကို အသုံးချတယ်။
ကိုယ့်အတွက်ပဲ ဌဲ့ပြီး စဉ်းစားကြတယ်။တဖက်သား
ဘယ်လို ခံစားရမလဲဆိုတာကို ထည့်မတွက်ကြဘူး။
သို့သော် အဲ့ဗီလိန်တွေထဲမှာမှ ဗရွန်း နဲ့အာလူးကို
ဂရုဏာသက်စရာအဖြစ် ဖန်တီးထားတယ်။
Kalank ရုပ်ရှင်ကို ဆူနာရှီးနဲ့အစပြုထားတယ်။
ကင်ဆာရောဂါသည် ဆူနာရှီး ဆရာဝန်ဆီကနေ
သူ ၁ နှစ် ၂ နှစ်ပဲ ခံတော့မယ်လို့သိသွားပြီးနောက်
သူသိပ်ချစ်တဲ့ ခင်ပွန်းသည် အဒီကို သူမရှိတော့ရင်
အထီးကျန်မှာမို့နောက်မယားပေးစားဖို့မရမက
ကြိုးစားတယ်။သူသေရင် အဒီရဲ့ နောက်မယားဖြစ်ဖို့
ရွေးထားတာ ဆင်းရဲတဲ့ ရာဂျစတန်သူ အာလီယား။
အာလီယားအဖေက ဆင်းရဲတော့ အတိတ်မှာ ဆူနာရှီး
အဖေရဲ့ အကူအညီ ယူထားဖူးတဲ့ ကျေးဇူးခံကလည်းရှိ
အာလီယားမှာ အပျိုပေါက် ညီမ ၂ယောက်ကလည်း
ရှိနေတော့ သူဌေးသား မုဆိုးဖို အဒီကို လက်ထပ်ဖို့
ဆူနာရှီးက ငွေနဲ့မျှားတယ်။နောက်ဆုံး ညီမတွေရဲ့
ရှေ့ရေးအတွက် အာလီယား လက်ခံလိုက်တယ်။
ဒီလိုနဲ့စည်းကမ်းတချို့သတ်မှတ်ပြီး ဆူနာရှီး
မသေခင်မှာပဲ အဒီနဲ့အာလီယား လက်ထပ်ပြီး
နန်းတော်လို ခန်းနားတဲ့ အိမ်ကြီးမှာ အဒီအဖေ
သူဌေးကြီး ဆန်ဂျေးဒတ်၊ အဒီနဲ့မယား၂ယောက်
အတူနေကြတယ်။ဒါပေမဲ့ လက်ထပ်တဲ့ညမှာပဲ
အဒီက "နင့်ကို လက်ထပ်တာ ငါ့မိန်းမ ဆူနာရှီး
စိတ်ချမ်းသာစေချင်လို့၊ငါချစ်တာ သူ့ကိုပဲ။
နင်နဲ့ငါ့ကြားက အိမ်ထောင်ရေးမှာ အချစ်တို့
ကြင်နာတာတို့ အီစီကလီတို့လိင်ကိစ္စတို့ဘာမှ
ရှိမှာမဟုတ်ဘူး။တဦးနဲတဦး အပြန်အလှန်
လေးစားသမူပဲ ရှိမယ်လို့အာလီယားကို ပြောပြီး
ဆူနာရှီးနဲ့ပဲ သွားအိပ်တယ်။
အာလီယားကလည်း သူ့အိမ်ထောင်ရေးကို
အပေးအယူတစ်ခုအနေနဲ့ပဲ သဘောထားပြီး
သောက်ဂရုမစိုက်ဘူး။သူတို့နန်းတော်ကြီးနဲ့
မလှမ်းမကမ်းမှာ ရှိနေတဲ့ ဆောင်ကြာမြိုင်က
ရွှေကြာခေါင်း မာဒူရီးဆီမှာ သီချင်းသွားသင်ရင်း
ပန်းပဲလုပ်တဲ့ ဂျလေဗီ ဗရွန်းနဲ့ဆုံတယ်။အာလူးက
ဟိန္ဒူ ၊ ဗရွန်းက မွတ်စလင်မ်၊ သူတို့နေတဲ့မြို့က
မွတ်စလင်မ်အများစုနေတယ်။ ဆန်ဂျေးဒတ်တို့က
ဂျာနယ်တိုက်ပိုင်တယ်။ ဟိန္ဒူတွေနဲ့အင်္ဂလိပ်တွေ
ကောင်းစားဖို့ပဲ သူတို့မီဒီယာက လော်ဘီလုပ်တယ်
ဆိုပြီး ဗရွန်း သူငယ်ချင်း ကူနဲလ်က မွတ်စလင်တွေကို
အမြဲသွေးထိုးပြီး လွတ်လပ်ရေးရလို့တိုင်းပြည်ခွဲရင်
သူတို့မြို့က ဆန်ဂျေးဒတ် မိသားစုအပါအဝင် ဟိန္ဒူ
သူဌေးတွေကို ကလဲ့စားချေဖို့ပလန်ချထားတယ်။
နန်းတော်လိုအိမ်ကြီးထဲ နေရပေမဲ့ အချစ်မရှိ၊
သူဝင်လာတဲ့ မိသားစုက သူစိမ်းလိုဖြစ်နေပြီး
စကားပြောဖော်၊ ရင်ဖွင့်ဖော်မရှိတဲ့ အာလီယား
ဗရွန်း ရဲ့ တော်ကီနဲ့ရဲတင်းမူတွေကြား သာယာပြီး
ဗရွန်းကို ချစ်မိသွားတယ်။ဒါပေမဲ့ အိမ်ထောင်ရှိ
သူဌေးကတော် ဟိန္ဒူကောင်မလေးနဲ့ဖအေမပေါ်
အမေက မလိုချင်လို့ပစ်ထားခံရတဲ့ နာဂျာအိဇ်
မျိုးမစစ်ကောင်လို့ရပ်ကွက်ထဲ သတ်မှတ်ထားတဲ့
ဗရွန်းလို မွတ်စလင်မ်ကောင်လေးတို့ဖူးစာဆုံဖို့
ဆိုတာ လွယ်လွယ်ကူကူတော့ ဘယ်ဖြစ်လေမလဲ။
ဗရွန်းဇာတ်ကောင်က Kalnk မှာ အစကနေ
ဇာတ်သိမ်းထိ တော်တော်လေးဇာတ်နာတယ်။
ဆန်ဂျေးဒတ်ကို အိမ်က မိန်းမ ပေးစားတယ်။
ဒါပေမဲ့ ဆန်ဂျေးဒတ်က မချစ်ဘူး။သူချစ်တာက
ဆောင်ကြာမြိုင်က မွတ်စလင် ကချေသည်မ
မာဒူရီးကို။ အဒီကိုမွေးပြီးမှ မာဒူရီးနဲ့အိပ်ရာက
ဗရွန်းထွက်လာတာ။ မာဒူရီး ကလေးလည်းရရော
ဆန်ဂျေးဒတ်က ဟိန္ဒူ မွတ်စလင် မျိုးရိုး သိက္ခာ
ဘာညာသလာကာ အတ္တကြီးပြီး ဗရွန်းကိုကော
မာဒူရီးကိုပါ အဆက်အသွယ် ဖြတ်လိုက်တယ်။
မာဒူရီးက ဆန်ဂျေးဒတ်ကို ချစ်တော့ မခွဲနိုင်ဘူး။
ဗရွန်းမွေးလို့ကလေးအဖေအနေနဲ့ဆန်ဂျေးဒတ်
တာဝန်ယူရမှာ ကြောက်ပြီး သူ့ကို ပစ်သွားတာ၊
ဗရွန်းမရှိတော့ရင် သူ့ဆီကို ဆန်ဂျေးဒတ်
ပြန်လာမယ်ဆိုပြီး ဗရွန်းကို စွန့်ပစ်လိုက်တယ်။
အဲ့တော့ ဗရွန်းက အဖေကိုကော အမေကိုပါ
အသေစိတ်နာထားတယ်။ဒါကြောင့် အာလူးကို
အသုံးချပြီး ဆန်ဂျေးဒတ်ကို သိက္ခာချ ကလဲ့စား
ချေဖို့ကြံစည်တယ်။ဒါကြောင့်မို့ဒီဇာတ်ကားမှာ
အကုန်လုံးက ဗီလိန်တွေလို ပြောတာ။
အာလီယားဇာတ်ကောင်ကတော့ သနားစရာ
ထင်ရပေမဲ့ ဇာတ်သိမ်းကျ သူလည်း ဗီလိန်ပဲ။
DDLJ လို သွေးတွေသံတွေနဲ့ရိုမန်တစ်ဆန်ပြ
ပေမဲ့လည်း သူ့အတွက် အသက်ပေးချစ်ခဲ့သူကို
လျစ်လျူရူထားခဲ့ပြီး သူထွက်သွားရက်တယ်။
အနည်းဆုံးတော့ Veer Zara ထဲက ပရီသီးလို
အကွက်နဲ့ဇာတ်သိမ်းရင် ရိုမန်တစ်ကားဆိုတဲ့
ဇာတ်အိမ်နဲ့နည်းနည်းအံဝင်နိုင်သေးတယ်။
ဆိုတော့ Kalank မှာ ဗရွန်း သူ့အဖေကို
ကလဲ့စားချေနိုင်မှာလားး အာလီယား နဲ့အဒီ
ဇာတ်သိမ်းမှာ ချစ်သွားကြမှာလားးးဒါမှမဟုတ်
သူချစ်တဲ့ ဗရွန်းနဲ့ပေါင်းထုပ်နိုင်မှာလားးး
ဇာတ်ကားထဲ ဘယ်သူတွေသေကြပြီးးတော့
ဘယ်သူတွေက သစ္စာဖောက်ကြမှာလဲ စတဲ့ စတဲ့
ဇာတ်သိမ်းပိုင်း လှည့်ကွက်တွေကိုတော့ စာတန်းထိုး
ထွက်ရင် ဆက်ကြည့်ကြပါ။
Kalank မှာ အကောင်းဆုံးနဲ့ကြည့်ရအတန်ဆုံးက
သီချင်းတွေပဲ။ သီချင်း စုစုပေါင်း ၆ ပုဒ်ပါတယ်။
ခု Super Hit ဖြစ်နေတဲ့ ၄ ပုဒ်က လုံးဝအလန်းးးး
ကျန် ၂ ပုဒ်လည်း မဆိုးဘူး။ ကောင်းတယ်။
အချုပ်ပြောရရင်တော့ Kalank ဟာ သွသူတော့
မဆိုးပေမဲ့ ဇာတ်ကားမထွက်ခင်က trailer နဲ့ပရိုမိုရှင်း
လုပ်တာတွေကို ကြည့်ပြီး ဘောလီးဝုဒ် ဘဟူးဘလီတို့
ခေတ်သစ် Devdas တို့ဘာတို့ဆိုပြီး မျှော်မှန်းခဲ့၊
ပြောခဲ့ နှိုင်းယှဉ်ခဲ့တာတွေကတော့ အကုန်တလွဲပါ။
ဗရွန်း နဲ့အာလီယားဖန်တွေကတော့ သေချာပေါက်
သဘောကျကြမှာပါ။ ဆန်ဂျေးဒတ်၊ မာဒူရီး၊ အဒီနဲ့
ဆူနာရှီးဖန်တွေကတော့ သူတို့အိုင်ဒေါလ်စတားကို
မဖွတ်မစွတ် roll ပေးထားလို့ကျေနပ်ကြမယ်မထင်ပါ။
ခု အောက်က Kalank ပုံတွေနဲ့ကပ်ရှင် ဆက်ကြည့်ရင်
ဇာတ်ဝင်ခန်း စပွိုင်လာ ပါးပါး ထပ်မိနိုင်ပါတယ်။

Credit



File size - 1.6GB
ဒီမှာဒေါင်းပါ- https://mm1ink.info/Hgo6q











.
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs
   





(zawgyi)
Kalank (2019)
*****************************
Kalank ဇာတ္ကားကို ပရိသတ္မႀကိဳက္ၾကဘူး။
အထူးသျဖင့္ ေဘာလီးဝုဒ္ ႐ုပ္ရွင္ေဝဖန္ေရး
critics ေတြက Kalank ကို အျပင္းအထန္
ေဝဖန္ရႈံခ်ထားၾကတယ္။ရွာ႐ြခ္၊ အေဂ်း၊ ကာဂ်ိဳး၊
ရာနီး တို႔နဲ႕Kalank ကို ရိုက္ကူးပုံေဖာ္ခ်င္ခဲ့တဲ့
ကရန္းဂ်ိဳဟာကို ရွာ႐ြခ္ နဲ႕ကာဂ်ိဳး ျငင္းဆန္ခဲ့တာ
မွန္တယ္လို႔ဆိုရမယ္။
Kalank ႐ုပ္ရွင္ကို အိနိၵယ ႐ူပီး ကုေဋ ၁၅၀
US ေဒၚလာ ၂၅ သန္ းနီးပါး အကုန္အက်ခံ
ဖန္တီးထားသလို စတားေတြအေနနဲ႕ဆိုလည္း
ဆန္ေဂ်းဒတ္၊ ဗ႐ြန္း၊ အဒီ၊ ကူနားလ္၊ မာဒူရီး၊
အာလီယား၊ ဆူနာရွီး၊ ကီရာ တို႔လို ပရိသတ္
အခိုင္အမာရွိတဲ့ သူေတြကို သုံးထားတယ္။
ဒါေပမဲ့ Kalank ကို ပရိသတ္ေတြ ဘာေၾကာင့္
မႀကိဳက္ၾကတာလဲ။Critics ေတြက ဘာလို႔ပစ္တင္
ေဝဖန္ၾကတာလဲ။ အိနိၵယမွာ ပိတ္ရက္ေတြ တန္းဆီ
ရထားေပမဲ့ ႐ုံဝင္ေငြဘာလို႔မေကာင္းတာလဲ ???
Kalank ဟာ ၁၉၄၅ ခုႏွစ္ ယေန႕ပါကစၥတန္ဘက္
အျခမ္းမွာရွိတဲ့ လာဟိုးရ္ၿမိဳ႕အေျချပဳ ဒရာမာ႐ုပ္ရွင္
အမ်ိဳးအစားျဖစ္ပါတယ္။ ေဘာလီးဝုဒ္ ေခတ္သစ္
ရိုမန္တစ္ဆရာႀကီးလို႔နံမည္ေက်ာ္တဲ့ ဒါရိုက္တာ
ကရန္းဂ်ိဳဟာက Kalank ကို Epic ရိုမန္တစ္ဒရာမာ
႐ုပ္ရွင္ျဖစ္ဖို႔အႀကီးအက်ယ္ ေမွ်ာ္လင့္ထားခဲ့ေပမဲ့
မွန္းခ်က္နဲ႕ႏွမ္းထြက္ မကိုက္ခဲ့ပါဘူး။ကရန္းက
ရွာ႐ြခ္ ကာဂ်ိဳးတို႔နဲ႕မရိုက္ရေတာ့ သူ႕တပည့္
ဗ႐ြန္း အာလီယားတို႔ကို ပြဲထုတ္ၿပီး သူ႕ရဲ႕
အယုံၾကည့္ရဆုံး တပည့္ ျဖစ္တဲ့အျပင္
Jodha Akbar လို နန္းတြင္းရာဇဝင္ကားမွာ
လက္ေထာက္ဒါရိုက္တာ လုပ္ခဲ့တဲ့ အဗီရွိတ္
ဘရ္မန္းကို ေရွ႕ထြက္ ရိုက္ခိုင္းခဲ့ၿပီး ေနာက္ကေန
ဇာတ္ကားတစ္ခုလုံးကို သူ႕စိတ္ႀကိဳက္ ပုံေဖာ္
ဖန္တီးထားတာျဖစ္တယ္။
Kalank မွာ ခ်ျပတဲ့ ရိုမန္တစ္ အခင္းအက်င္းဟာ
ကရန္းဂ်ိဳဟာဖန္တီးခဲ့တဲ့ Kuch Kuch Hota Hai,
Kal Ho Naa Ho တို႔ေျခဖ်ားေတာင္ မမွီသလို
Ae Dil Hai Mushkil လို ဇာတ္ကားနဲ႕ေတာင္
ယွဥ္လို႔မရတဲ့ ဇာတ္လမ္းမ်ိဳးပါ။ သို႔ေသာ္လည္း
ကိုယ္ကေတာ့ Kalank ကို အရမ္းႀကီး ဆိုးတဲ့
ဇာတ္လမ္းလို႔မထင္ပါဘူး။ အားမရေပမဲ့လည္း
တစ္ႀကိမ္ေလာက္ကေတာ့ ၾကည့္ေပ်ာ္တယ္။
Kalank မွာ ပါတဲ့ အဓိက ဇာတ္ေကာင္တိုင္းက
ဗီလိန္ေတြခ်ည္းပဲ။ ဇာတ္ေကာင္ တစ္ဦးခ်င္းက
သူတို႔ဆႏၵအတြက္ တျခားသူကို အသုံးခ်တယ္။
ကိုယ့္အတြက္ပဲ ဌဲ့ၿပီး စဥ္းစားၾကတယ္။တဖက္သား
ဘယ္လို ခံစားရမလဲဆိုတာကို ထည့္မတြက္ၾကဘူး။
သို႔ေသာ္ အဲ့ဗီလိန္ေတြထဲမွာမွ ဗ႐ြန္း နဲ႕အာလူးကို
ဂ႐ုဏာသက္စရာအျဖစ္ ဖန္တီးထားတယ္။
Kalank ႐ုပ္ရွင္ကို ဆူနာရွီးနဲ႕အစျပဳထားတယ္။
ကင္ဆာေရာဂါသည္ ဆူနာရွီး ဆရာဝန္ဆီကေန
သူ ၁ ႏွစ္ ၂ ႏွစ္ပဲ ခံေတာ့မယ္လို႔သိသြားၿပီးေနာက္
သူသိပ္ခ်စ္တဲ့ ခင္ပြန္းသည္ အဒီကို သူမရွိေတာ့ရင္
အထီးက်န္မွာမို႔ေနာက္မယားေပးစားဖို႔မရမက
ႀကိဳးစားတယ္။သူေသရင္ အဒီရဲ႕ ေနာက္မယားျဖစ္ဖို႔
ေ႐ြးထားတာ ဆင္းရဲတဲ့ ရာဂ်စတန္သူ အာလီယား။
အာလီယားအေဖက ဆင္းရဲေတာ့ အတိတ္မွာ ဆူနာရွီး
အေဖရဲ႕ အကူအညီ ယူထားဖူးတဲ့ ေက်းဇူးခံကလည္းရွိ
အာလီယားမွာ အပ်ိဳေပါက္ ညီမ ၂ေယာက္ကလည္း
ရွိေနေတာ့ သူေဌးသား မုဆိုးဖို အဒီကို လက္ထပ္ဖို႔
ဆူနာရွီးက ေငြနဲ႕မွ်ားတယ္။ေနာက္ဆုံး ညီမေတြရဲ႕
ေရွ႕ေရးအတြက္ အာလီယား လက္ခံလိုက္တယ္။
ဒီလိုနဲ႕စည္းကမ္းတခ်ိဳ႕သတ္မွတ္ၿပီး ဆူနာရွီး
မေသခင္မွာပဲ အဒီနဲ႕အာလီယား လက္ထပ္ၿပီး
နန္းေတာ္လို ခန္းနားတဲ့ အိမ္ႀကီးမွာ အဒီအေဖ
သူေဌးႀကီး ဆန္ေဂ်းဒတ္၊ အဒီနဲ႕မယား၂ေယာက္
အတူေနၾကတယ္။ဒါေပမဲ့ လက္ထပ္တဲ့ညမွာပဲ
အဒီက "နင့္ကို လက္ထပ္တာ ငါ့မိန္းမ ဆူနာရွီး
စိတ္ခ်မ္းသာေစခ်င္လို႔၊ငါခ်စ္တာ သူ႕ကိုပဲ။
နင္နဲ႕ငါ့ၾကားက အိမ္ေထာင္ေရးမွာ အခ်စ္တို႔
ၾကင္နာတာတို႔ အီစီကလီတို႔လိင္ကိစၥတို႔ဘာမွ
ရွိမွာမဟုတ္ဘူး။တဦးနဲတဦး အျပန္အလွန္
ေလးစားသမူပဲ ရွိမယ္လို႔အာလီယားကို ေျပာၿပီး
ဆူနာရွီးနဲ႕ပဲ သြားအိပ္တယ္။
အာလီယားကလည္း သူ႕အိမ္ေထာင္ေရးကို
အေပးအယူတစ္ခုအေနနဲ႕ပဲ သေဘာထားၿပီး
ေသာက္ဂ႐ုမစိုက္ဘူး။သူတို႔နန္းေတာ္ႀကီးနဲ႕
မလွမ္းမကမ္းမွာ ရွိေနတဲ့ ေဆာင္ၾကာၿမိဳင္က
ေ႐ႊၾကာေခါင္း မာဒူရီးဆီမွာ သီခ်င္းသြားသင္ရင္း
ပန္းပဲလုပ္တဲ့ ဂ်ေလဗီ ဗ႐ြန္းနဲ႕ဆုံတယ္။အာလူးက
ဟိႏၵဴ ၊ ဗ႐ြန္းက မြတ္စလင္မ္၊ သူတို႔ေနတဲ့ၿမိဳ႕က
မြတ္စလင္မ္အမ်ားစုေနတယ္။ ဆန္ေဂ်းဒတ္တို႔က
ဂ်ာနယ္တိုက္ပိုင္တယ္။ ဟိႏၵဴေတြနဲ႕အဂၤလိပ္ေတြ
ေကာင္းစားဖို႔ပဲ သူတို႔မီဒီယာက ေလာ္ဘီလုပ္တယ္
ဆိုၿပီး ဗ႐ြန္း သူငယ္ခ်င္း ကူနဲလ္က မြတ္စလင္ေတြကို
အၿမဲေသြးထိုးၿပီး လြတ္လပ္ေရးရလို႔တိုင္းျပည္ခြဲရင္
သူတို႔ၿမိဳ႕က ဆန္ေဂ်းဒတ္ မိသားစုအပါအဝင္ ဟိႏၵဴ
သူေဌးေတြကို ကလဲ့စားေခ်ဖိဳ႕ပလန္ခ်ထားတယ္။
နန္းေတာ္လိုအိမ္ႀကီးထဲ ေနရေပမဲ့ အခ်စ္မရွိ၊
သူဝင္လာတဲ့ မိသားစုက သူစိမ္းလိုျဖစ္ေနၿပီး
စကားေျပာေဖာ္၊ ရင္ဖြင့္ေဖာ္မရွိတဲ့ အာလီယား
ဗ႐ြန္း ရဲ႕ ေတာ္ကီနဲ႕ရဲတင္းမူေတြၾကား သာယာၿပီး
ဗ႐ြန္းကို ခ်စ္မိသြားတယ္။ဒါေပမဲ့ အိမ္ေထာင္ရွိ
သူေဌးကေတာ္ ဟိႏၵဴေကာင္မေလးနဲ႕ဖေအမေပၚ
အေမက မလိုခ်င္လို႔ပစ္ထားခံရတဲ့ နာဂ်ာအိဇ္
မ်ိဳးမစစ္ေကာင္လို႔ရပ္ကြက္ထဲ သတ္မွတ္ထားတဲ့
ဗ႐ြန္းလို မြတ္စလင္မ္ေကာင္ေလးတို႔ဖူးစာဆုံဖို႔
ဆိုတာ လြယ္လြယ္ကူကူေတာ့ ဘယ္ျဖစ္ေလမလဲ။
ဗ႐ြန္းဇာတ္ေကာင္က Kalnk မွာ အစကေန
ဇာတ္သိမ္းထိ ေတာ္ေတာ္ေလးဇာတ္နာတယ္။
ဆန္ေဂ်းဒတ္ကို အိမ္က မိန္းမ ေပးစားတယ္။
ဒါေပမဲ့ ဆန္ေဂ်းဒတ္က မခ်စ္ဘူး။သူခ်စ္တာက
ေဆာင္ၾကာၿမိဳင္က မြတ္စလင္ ကေခ်သည္မ
မာဒူရီးကို။ အဒီကိုေမြးၿပီးမွ မာဒူရီးနဲ႕အိပ္ရာက
ဗ႐ြန္းထြက္လာတာ။ မာဒူရီး ကေလးလည္းရေရာ
ဆန္ေဂ်းဒတ္က ဟိႏၵဴ မြတ္စလင္ မ်ိဳးရိုး သိကၡာ
ဘာညာသလာကာ အတၱႀကီးၿပီး ဗ႐ြန္းကိုေကာ
မာဒူရီးကိုပါ အဆက္အသြယ္ ျဖတ္လိုက္တယ္။
မာဒူရီးက ဆန္ေဂ်းဒတ္ကို ခ်စ္ေတာ့ မခြဲနိုင္ဘူး။
ဗ႐ြန္းေမြးလို႔ကေလးအေဖအေနနဲ႕ဆန္ေဂ်းဒတ္
တာဝန္ယူရမွာ ေၾကာက္ၿပီး သူ႕ကို ပစ္သြားတာ၊
ဗ႐ြန္းမရွိေတာ့ရင္ သူ႕ဆီကို ဆန္ေဂ်းဒတ္
ျပန္လာမယ္ဆိုၿပီး ဗ႐ြန္းကို စြန့္ပစ္လိုက္တယ္။
အဲ့ေတာ့ ဗ႐ြန္းက အေဖကိုေကာ အေမကိုပါ
အေသစိတ္နာထားတယ္။ဒါေၾကာင့္ အာလူးကို
အသုံးခ်ၿပီး ဆန္ေဂ်းဒတ္ကို သိကၡာခ် ကလဲ့စား
ေခ်ဖိဳ႕ႀကံစည္တယ္။ဒါေၾကာင့္မို႔ဒီဇာတ္ကားမွာ
အကုန္လုံးက ဗီလိန္ေတြလို ေျပာတာ။
အာလီယားဇာတ္ေကာင္ကေတာ့ သနားစရာ
ထင္ရေပမဲ့ ဇာတ္သိမ္းက် သူလည္း ဗီလိန္ပဲ။
DDLJ လို ေသြးေတြသံေတြနဲ႕ရိုမန္တစ္ဆန္ျပ
ေပမဲ့လည္း သူ႕အတြက္ အသက္ေပးခ်စ္ခဲ့သူကို
လ်စ္လ်ဴ႐ူထားခဲ့ၿပီး သူထြက္သြားရက္တယ္။
အနည္းဆုံးေတာ့ Veer Zara ထဲက ပရီသီးလို
အကြက္နဲ႕ဇာတ္သိမ္းရင္ ရိုမန္တစ္ကားဆိုတဲ့
ဇာတ္အိမ္နဲ႕နည္းနည္းအံဝင္နိုင္ေသးတယ္။
ဆိုေတာ့ Kalank မွာ ဗ႐ြန္း သူ႕အေဖကို
ကလဲ့စားေခ်နိဳင္မွာလားး အာလီယား နဲ႕အဒီ
ဇာတ္သိမ္းမွာ ခ်စ္သြားၾကမွာလားးးဒါမွမဟုတ္
သူခ်စ္တဲ့ ဗ႐ြန္းနဲ႕ေပါင္းထုပ္နိုင္မွာလားးး
ဇာတ္ကားထဲ ဘယ္သူေတြေသၾကၿပီးးေတာ့
ဘယ္သူေတြက သစၥာေဖာက္ၾကမွာလဲ စတဲ့ စတဲ့
ဇာတ္သိမ္းပိုင္း လွည့္ကြက္ေတြကိုေတာ့ စာတန္းထိုး
ထြက္ရင္ ဆက္ၾကည့္ၾကပါ။
Kalank မွာ အေကာင္းဆုံးနဲ႕ၾကည့္ရအတန္ဆုံးက
သီခ်င္းေတြပဲ။ သီခ်င္း စုစုေပါင္း ၆ ပုဒ္ပါတယ္။
ခု Super Hit ျဖစ္ေနတဲ့ ၄ ပုဒ္က လုံးဝအလန္းးးး
က်န္ ၂ ပုဒ္လည္း မဆိုးဘူး။ ေကာင္းတယ္။
အခ်ဳပ္ေျပာရရင္ေတာ့ Kalank ဟာ သြသူေတာ့
မဆိုးေပမဲ့ ဇာတ္ကားမထြက္ခင္က trailer နဲ႕ပရိုမိုရွင္း
လုပ္တာေတြကို ၾကည့္ၿပီး ေဘာလီးဝုဒ္ ဘဟူးဘလီတို႔
ေခတ္သစ္ Devdas တို႔ဘာတို႔ဆိုၿပီး ေမွ်ာ္မွန္းခဲ့၊
ေျပာခဲ့ ႏွိုင္းယွဥ္ခဲ့တာေတြကေတာ့ အကုန္တလြဲပါ။
ဗ႐ြန္း နဲ႕အာလီယားဖန္ေတြကေတာ့ ေသခ်ာေပါက္
သေဘာက်ၾကမွာပါ။ ဆန္ေဂ်းဒတ္၊ မာဒူရီး၊ အဒီနဲ႕
ဆူနာရွီးဖန္ေတြကေတာ့ သူတို႔အိုင္ေဒါလ္စတားကို
မဖြတ္မစြတ္ roll ေပးထားလို႔ေက်နပ္ၾကမယ္မထင္ပါ။
ခု ေအာက္က Kalank ပုံေတြနဲ႕ကပ္ရွင္ ဆက္ၾကည့္ရင္
ဇာတ္ဝင္ခန္း စပြိုင္လာ ပါးပါး ထပ္မိနိုင္ပါတယ္။

Credit



File size - 1.6GB
ဒီမွာေဒါင္းပါ- https://mm1ink.info/Hgo6q











.
မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs
   





Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Channelmovies[5] - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger