(unicode)
Raees (2017)
**************************
Raees (2017)
**************************
"အမေကပြောဖူးတယ် ဘယ်အလုပ်မှ သေးငယ်တယ်ဆိုတာမရှိဘူး
အလုပ်ထက်ကြီးမြတ်တဲ့ ဘာသာတရားဆိုတာလည်းမရှိဘူး"
အလုပ်ထက်ကြီးမြတ်တဲ့ ဘာသာတရားဆိုတာလည်းမရှိဘူး"
"Raees က အလုပ်မျိုးစုံလုပ်ချင်လုပ်မယ်
ဒါပေမဲ့ ဘာသာရေးကိုခုတုံးလုပ်ပြီး ဘယ်တော့မှစီးပွားရေးမလုပ်ဘူး"
ဒါပေမဲ့ ဘာသာရေးကိုခုတုံးလုပ်ပြီး ဘယ်တော့မှစီးပွားရေးမလုပ်ဘူး"
"နောက်ပြီး ကျုပ်ကို ဘယ်တော့မှ လေးလုံး(မျက်မှန်တပ်သူ)လို့ မခေါ်နဲ့"
____________________________
ဇာတ်လမ်းအကျဉ်း
____________________________
ဇာတ်လမ်းအကျဉ်း
အိန္ဒိယနိုင်ငံက ဂူဂျာရက်ပြည်နယ်က အရက်မှောင်ခိုနဲ့ပတ်သက်ရင် နာမည်အကြီးဆုံးပြည်နယ်တစ်ခုပဲ။ ကလေးအစ လူကြီးအဆုံး၊ လူဆိုးအစ ရဲအဆုံး ပြည်နယ်မှာရှိတဲ့ လူအတော်များများက မှောင်ခိုလုပ်ငန်းမှာ ပတ်သတ်ကြတယ်။ Raees (ရအိးစ်) ကလည်း ဂူဂျာရက်ပြည်နယ်သားဆိုတော့ ငယ်ငယ်ကတည်းက မှောင်ခိုဗီဇကပါလာပြီးသား။ ကျောင်းလွယ်အိတ်ထဲမှာ အရက်ပုလင်းထည့်ပြီး ရဲတွေအရှေ့ကနေပဲ ခေါက်တုံ့ခေါက်ပြန်ဖြတ်ပြီး မှောင်ခိုအလုပ်ကိုလုပ်ကိုင်လာခဲ့သူ။ အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူများလက်အောက်ကနေခွဲထွက်ပြီး ကိုယ်ပိုင်မှောင်ခိုလုပ်ငန်းကို အကြီးအကျယ်လုပ်တော့တာပဲ။ ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး သွက်လက်တဲ့ Raees အတွက်ကတော့ ရဲတွေဘယ်လောက်ဖမ်းဖမ်း၊ ဘယ်လောက်အတားအဆီးရှိရှိ ကုန်းလမ်းကတစ်မျိုး၊ ရေလမ်းကတစ်သွယ်၊ နောက်ဆုံးလှည်းပေါင်းများစွာ အသုံးပြုပြီးတော့ လိုချင်တဲ့ပစ္စည်းကို ရောက်အောင်ပို့ပေးတဲ့ Raees အတွက်ကတော့ အောင်မြင်မှုတွေရလာတာ နောက်ဆုံးပြည်နယ်ရဲ့ ဝန်ကြီးချုပ်နေရာပါ ဝင်ရောက်အရွေးခံပါတော့တယ်။ မှောင်ခိုသမား၊မူးယစ်ရာဇာတွေရဲ့ ထုံစံအတိုင်း တစ်လောကလုံးကမုန်းပေမယ့် သူ့ပြည်နယ်သွားတွေကတော့ ချစ်ကြတယ်။ ချစ်ဆို Raees ကလည်း သူတို့ပြည်နယ်အတွက် လိုလေသေးမရှိအထောက်အပံ့ အကူအညီပေးထားတာကိုး။ ဒီလိုတစ်ပြည်နယ်လုံးရဲ့ ချစ်ခင်မှုကိုရထားတဲ့ မှောင်ခိုဘုရင်ကြီးကို တရားဥပေအတိုင်းစီရင်မယ့် အမှန်တရားဘက်တော်သားကတော့..........
ရဲမှူးကြီး Majmudar (Nawazuddin Sudiq or Nawab) ကတော့ ရဲဆိုမှရဲ ဒေါင်ဒေါင်မြည် အမှန်တရားပေတံနှင့် တစ်ပြားသားမှမလျှော့တဲ့ အိန္ဒိယနိုင်ငံရဲ့ ရှားပါးစားရင်းဝင် လာဘ်မစား၊ အကျင့်မပျက်တဲ့ရဲမှူးကြီး၊ သူ့မှာတော့ လူဆိုးဂိုဏ်းတရားခံများကို အမိအရလက်ဝယ်ဖမ်းမိနိုင်ပေမယ့် အမြဲဖမ်းနိုင်လို့ဆိုပြီး ရာထူးခဏခဏအချခံရကာ နောက်ဆုံး ရဲဌာနရဲ့ဖုန်းအဝင်အထွက်စစ်ဆေးရေးအထိ ရောက်သွားခဲ့ရသူ။ ဒါပေမဲ့ အမှန်တရားအတွက်ပတ်သက်ရင် တစ်ပြားမှ မလျှော့တဲ့ ရဲမှူးကြီး Majmudar နဲ့ မှောင်ခိုဘုရင်၊ ဂူဂျာရက်ပြည်နယ်ရဲ့အချစ်တော် Raees တို့ ထပ်တိုက်တွေ့ဆုံချိန်မှာတော့.....အမှန်တရားကအနိုင်ရသွားမလား......Raees ကကော ရဲမှူးကြီးလက်ကနေပဲ လွတ်အောင်ပြေးနိုင်မလား.........
"Raees နဲ့ကိုယ်နဲ့ဆက်ဆံရေးက တော်တော်ထူးဆန်းတယ်ဗျ
နီးနီးမှာလဲ မနေနိုင်
သူတောင်းစား !! ဝေးဝေးလဲပေးမသွားဘူး"
Nawab
နီးနီးမှာလဲ မနေနိုင်
သူတောင်းစား !! ဝေးဝေးလဲပေးမသွားဘူး"
Nawab
ဇာတ်ကားအကြောင်း
ဒီဇာတ်ကားကတော့ ဘောလီးဝုဒ်ရဲ့ နာမည်ကြီး မင်းသား Shah Rukh Khan or SRK ရဲ့ ကာလာရှည်ကြာခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ရက်ကိုနောက်ဆုတ်ရင်း ယခု ၂၀၁၇ ရောက်မှာ ရုံတင်ပြသနိုင်ခဲ့တာပါ။ ဒီဇာတ်ကားရဲ့ treaser trailer ကို ၂၀၁၅ တုန်းကလွင့်တင်ခဲ့ချိန်မှာ ပရိသတ်တွေအရမ်းကို အံသြဝမ်းသာပြီး တော်တော်လေးမျှော်လင့်ခံခဲ့ရတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မင်းသား Shah Rukh Khan ရဲ့ နှစ်ပေါင်းကြာများစွာမှ လူဆိုးဇာတ်ကောင်စရိုက်အဖြစ် ပြန်ရိုက်တဲ့ဇာတ်ကားတစ်ကား ဖြစ်လို့ပါ။
အိန္ဒိယနိုင်ငံမှာ သရုပ်ဆောင်တွေ အထူးသဖြင့် မင်းသားတွေက လူထုပေါ်အရမ်းလွှမ်းမိုးနိုင်စွမ်းရှိတယ်။ ဒီထဲမှာမှ အမီတာဘဂျမ်းနဲ့ ရှာရွတ်ခန်းတို့ကတော့ သူတို့လောကမှာဘုရင်တွေပါပဲ။ သူတို့ရဲ့ရိုက်ကူးတဲ့ ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ရုပ်အတိုင်း အပြင်မှာပြုမှုကြတဲ့သူတွေက ဒုနဲ့ဒေးပါ။ အရမ်းကို ရူးသွပ်ကြတဲ့ ပရိသတ်တွေဆိုတာ အိန္ဒိယနိုင်ငံက ပရိသတ်တွေပါလို့ ပြောစမှတ်တွင်တဲ့အထိ အရူးအမူးအားပေးကြတာပါ။ ဒါကြောင့် ပရိသတ်တွေအတုယူမှားမှာဆိုးတာကြောင့် ဒီမင်းသားကြီးနှစ်ယောက်က အပြုသဘောဆောင်တဲ့ ဇာတ်ကောင်တွေပဲ အဓိကရွေးပြီးသရုပ်ဆောင်လေ့ရှိပါတယ်။
မင်းသား SRK က ဗီလိန်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ဘဝအစမှာ နာမည်ကြီးလာတဲ့သူပါ။ နောက်ပိုင်း အချစ်ဇာတ်ကားတွေ အရိုက်များလို့ Romance King လို့ အမည်တွင်လာခဲ့ပေမယ့် စွယ်စုံရမင်းသားအတွက်တော့ ဗီလိန်ဇာတ်ရုပ်နေရာမှာလည်း ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက ဗီလိန်ဇာတ်ရုပ်၊လူဆိုးဇာတ်ရုပ်နဲ့ မြင်တွေ့ချင်လိုပါတယ်။ မင်းသား SRK က သူ့ပရိတ်တွေရဲ့ ရူးသွပ်မှုကိုသိတာကြောင့် ဗီလိန်ဇာတ်ရုပ်တွေကို ရှောင်ရှားနေရာမှ ယခုပထမဆုံးအကြိမ်ပြန်ရိုက်ကူးချိန်ဖြစ်ပါတယ်။
Raees ရဲ့ဇာတ်ရုပ်ကလည်း တော်တော်ကြောက်ဖို့ကောင်းပါတယ်။ အရက်မှောင်ခိုသမားအနေနဲ့ ဘယ်နည်းလမ်းမဆိုသုံပြီးမှောင်ခိုလုပ်တာက နောက်ဆုံးခရမ်းချဉ်သီးထဲကို ဆေးထိုးအပ်နဲ့အရက်ကိုထိုးပြီး ရောင်းတဲ့အထိပါပဲ။ ရဲတွေကို အပိုင်အိပ်ကပ်ထဲထည့်ပြီး ရှုပ်ထွေးပွေလီတဲ့ ရဲနဲ့ဒုစရိုက်သမားကြားက စိတ်ပျက်ဖွယ်၊အော့နှလုံးနာဖွယ်ကောင်းတဲ့ ဆက်ဆံမှုတွေ၊အပေးအယူတွေ၊ နိုင်ငံရေးအတွက် ဘာသာရေးကိုခုတုံးလုပ်ကြတဲ့ ဝန်ကြီးတွေအကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြနိုင်ခဲ့ပါတယ်။ မင်းသား ရှရွတ်ခန်းကလည်း အပိုအလိုမရှိ အကောင်းဆုံးသရုပ်ဆောင်သွားနိုင်ပါတယ်။
မင်းသမီးအဖြစ်ကတော့ ပါကစ္စတန်မင်းသမီး Mahira Khan (မီရာခန်း) က Raees ရဲ့မိန်းမ Asiya အဖြစ် အကောင်းဆုံးသရုပ်ဆောင်သွားခဲ့ပါတယ်။ ဒီဇာတ်ကားရုံတင်ပြသဖို့ စီစဉ်နေတဲ့အချိန်မှာပဲ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံကြား တင်းမာမှုတွေရှိလာတာကြောင့် နှစ်နိုင်ငံစလုံးက ဒီကားကိုပိတ်ပင်မှုတွေ ပြလုပ်ခဲ့သောကြောင့် တစ်ချို့အခန်းတွေကို ဆင်ဆာဖြတ်ပြီးမှ ပြသခွင့်ရခဲ့ပါတယ်။
နောက်ပြီး အဓိကချီးကျူးမိတာကတော့ Raees နဲ့ အပြိုင်သရုပ်ဆောင်တဲ့ ရဲမှုးကြီး Majmudar အဖြစ်သရုပ်ဆောင်တဲ့ မင်းသား Nawab(အတိုကောက် ခေါ်တာ)ပါ။ သူ့ကို မြန်မာပြည်ပရိသတ်တွေကတော့ Bajrangi Bhaijaan ဇာတ်ကားမှာ မင်းသား Salman Khan ရဲ့ ကလေးကိုပြန်ပို့ပေးတဲ့ခရီးစဉ်မှာ သတင်းထောက်အဖြစ်ပါဝင်ခဲ့သူဆိုရင် မှတ်မိမယ်ထင်ပါတယ်။ အသက်ကြီးမှ အောင်မြင်လာတဲ့ Nawab အတွက်ကတော့ ဒီဇာတ်ကားမှာတော့ လုပ်ကွက်အပြည့်ရပြီး သရုပ်ဆောင်ပညာကိုပြသနိုင်ရုံသာမက ဝေဖန်ရေးတွေရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရုပ်ရှင်မထွက်ခင်က စိုးရိမ်ခဲ့တဲ့ အပြိုင်သရုပ်ဆောင်မှုတွေမှာ မင်းသားကြီး SRK နဲ့ တန်းတူသရုပ်ဆောင်နိုင်တာကြောင့် ဇာတ်ကပိုပြီးအသက်ဝင်လှပါတယ်။
နောက်ပြီး ကိုကိုဦးဦးတွေအကြိုက် Porn Star မှ ဘောလီးဝုဒ်မင်းသမီးဖြစ်လာတဲ့ Sunny Leons က Laila Main Laila သီချင်းမှာပါဝင်ပြီး အကအလှတွေပြထားပါသေးတယ်။ အဲ့သီချင်းကတော့ အရမ်းမိုက်😬😬😀😍😍😍
နောက်ပြီး Zaalima သီချင်းနဲ့ အရမ်းစိတ်ထိခိုက်ဖို့ကောင်းတဲ့ Saanso Ke ဆိုတဲ့ သီချင်းကောင်းတွေလည်း ပါဝင်ပါတယ်။
နောက်ပြီး Zaalima သီချင်းနဲ့ အရမ်းစိတ်ထိခိုက်ဖို့ကောင်းတဲ့ Saanso Ke ဆိုတဲ့ သီချင်းကောင်းတွေလည်း ပါဝင်ပါတယ်။
ဒီဇာတ်ကားကိုရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ Rahul Dholakia ဖြစ်ပြီး မင်းသားနဲ့ထုတ်လုပ်ရေးတွေကိုယ်တိုင် ချီးကျူးမှုကိုခံခဲ့ရပါတယ်။ ဒီဇာတ်ကားရဲ့အသက်ဖြစ်တဲ့ ၁၉၈၀ ပြည့်နှစ် ဂူဂျာရက်ပြည်နယ်ရဲ့ ဆက်တင်ကို အကောင်းဆုံးအသက်သွင်းထားပြီး Raees ရဲ့ ငယ်ဘဝကနေ အသက်ကြီးတဲ့အချိန်ထိပြချင်တဲ့ ရှည်လျားများပြားတဲ့ဇာတ်လမ်းကို အကောင်းဆုံးဇာတ်ညွှန်းနဲ့ ပုံဖော်နိုင်ခဲ့သူပါ။ ဇာတ်လမ်းကတစ်ချက်မှ မပျင်းရအောင်ဆွဲဆောင်မှု ရှိလှပါတယ်။
ပထမကတော့ ဒီဇာတ်ကားကို ပုံမှန်ဘောလီးဝုဒ်ဇာတ်ကားလို့ ထင်မှတ်ခဲ့ပြီး သိပ်မမျှော်လင့်ပဲ သွားကြည့်ပြီးတော့မှ အထင်နဲ့တက်တက်စင်အောင်လွဲခဲ့ရပါတယ်။ ဒီဇာတ်ကားရဲ့အကြောင်းအရာက ပုံမှန်ဘောလီးဝုဒ်ဇာတ်ကားမကြည့်တဲ့သူတွေ၊ ဟောလီဝုဒ်ဇာတ်ကားသာကြည့်သူတွေပါ အကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားပါ။ Action Crime Drama ဇာတ်ကားကောင်းကြည့်ချင်တဲ့သူတွေက လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ ဇာတ်ဝင်ခန်းတွေမှာသုံးတဲ့ စကားလုံးတွေကလည်း အရမ်းကောင်းပါတယ်။ ကိုယ်တိုင်ခံစားကြည့်ချင်စေချင်ပါတယ်။
Raees ဇာတ်ကားနဲ့ဆက်စပ်သော အချက်အလက်များ
ဒီဇာတ်ကားရဲ့ အဓိကအခြေခံတဲ့ ဂူဂျာရက်ပြည်နယ်ဟာ ဆွန်နီမွတ်စလင်မ်၊ရှီယာမွတ်စလင်မ်၊ဟိန္နူဘာသာဝင်တို့ အဓိကနေထိုင်ရာ ပြည်နယ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားရှာရွတ်ခန်းက ရှီယာမွတ်စလင်မ်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။
ဆွန်နီမွတ်စလင်မ်နဲ့ရှီယာမွတ်စလင်မ်က ယုံကြည်မှု၊ဘာသာရေးအလေ့အထက အနည်းငယ်ကွဲပြားကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဆွန်နီမီတ်စလင်မ်ကိုအများဆုံးတွေရပြီး ရှီယာမွတ်လင်မ်ကနည်းပါတယ်။ ဒါကြောင့် သူတို့ရဲ့အလေ့အထကို သတိထားမိတဲ့သူနည်းပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားရှာရွတ်ခန်းက ရှီယာမွတ်စလင်မ်တွေရဲ့ နှစ်သစ်ကူး မုရ်ဟရမ်လမှာ ကျင်းပတဲ့ အာရှူရာနေ့အောက်မေ့ဖွယ် အခမ်းအနားမှာပါဝင်ဆင်နွဲတဲ့ ဇာတ်ဝင်ခန်း ၃ ခန်းလောက်ပါတဲ့အတွက် သိအောင်ဝေမျှရခြင်းဖြစ်ပါတယ်။ အဲ့လိုမျိုး ပွဲတော်ကို ရန်ကုန်ုမြို့ ပန်းဘဲတန်းမြို့နယ် လမ်း၃၀ အောက်လမ်းမှာ ကျင်းပလေ့ရှိပါတယ်။ အရင်တုန်းက လူအများသိပ်မသိကြပေမယိ့ ဒီဘက်နှစ်ပိုင်းမှာတော့ Facebook ကြောင့် လူသိများလာပါတယ်။
နောက်ပြီး ဒီ Raees ဆိုတဲ့ ဇာတ်ကောင်က ဂူဂျာရက်ပြည်နယ်ရဲ့ ဒုစရိုက်ခေါင်းဆောင် Abdul Latif ရဲ့ ဘဝကို ရိုက်ကူးတယ်လို့ ပြောကြားမှုတွေ ရှိပေမယ့် နှစ်ဖက်စလုံးက မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါရိုက်တာကတော့ စိတ်ကူးယဉ်ဇာတ်ကောင် တစ်ခုအဖြစ်သာပုံဖော်ထားကြောင်း ပြန်လည်ဖြေကြားထားပါတယ်။
နောက်ထပ်အနေနဲ့ ဒီ Raees ဇာတ်ကားထဲမှာ 1990 ပြည့်နှစ်ပိုင်းမှာ အိန္ဒိယနိုင်ငံ ဂူဂျာရက် ပြည်နယ်မှာဖြစ်ခဲ့တဲ့ ဟိန္ဒူနှင့် မွတ်စလင်မ်တို့ရဲ့ အဓိကရုဏ်းအရေးအခင်းအကြောင်းနဲ့ မွမ်ဘိုင်းဗုံးခွဲတိုက်ခိုက်ခံရတဲ့ အကြောင်းအရာများကို ဇာတ်ညွှန်းမှာ လိုက်ဖက်ညီစွာ ထည့်သွင်းထားပါသေးတယ်။ တော်တော်လေးကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ သမိုင်းအကြောင်းစိတ်ဝင်စားသူတွေပါ ကြည့်သင့်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ Raees ဇာတ်ကားကတော့ အခုနောက်ပိုင်းတွေ့ရရှားပါးလာတဲ့ Crime Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကပြောချင်တဲ့ အကြောင်းအရာလေးတွေလည်းကောင်းသလို ဇာတ်လမ်းအစအဆုံးဆွဲဆောင်မှုရှိတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်တွင်းကရုံတွေမှာလည်း နိုင်ငံတကာနဲ့အပြိုင်ပြသနေပြီဖြစ်တာကြောင့် သွားရောက်ကြည့်ရှုနိူင်ပါပြီလို့ ပြောကြားရင်း.........Raees ရဲ့စကားလေးနဲ့ အဆုံးသတ်ချင်ပါတယ်။
"ဂူူဂျာရတ်ရဲ့လေထုမှာ စွန့်စားမှု (ကူးစက်စေတတ်တဲ့ Virus ) တွေရှိတယ်ကိုယ့်ဆရာ
ကိုယ့်အသက်ရှူသံတွေကိုရပ်တန့်စေခဲ့ဦး
ဂူူဂျာရတ်ရဲ့လေထုကို ဘယ်လိုရပ်တန့်မှာလဲ ??"
ကိုယ့်အသက်ရှူသံတွေကိုရပ်တန့်စေခဲ့ဦး
ဂူူဂျာရတ်ရဲ့လေထုကို ဘယ်လိုရပ်တန့်မှာလဲ ??"
Credit
.
(zawgyi)
Raees (2017)
**************************
Raees (2017)
**************************
"အေမကေျပာဖူးတယ္ ဘယ္အလုပ္မွ ေသးငယ္တယ္ဆိုတာမရွိဘူး
အလုပ္ထက္ႀကီးျမတ္တဲ့ ဘာသာတရားဆိုတာလည္းမရွိဘူး"
အလုပ္ထက္ႀကီးျမတ္တဲ့ ဘာသာတရားဆိုတာလည္းမရွိဘူး"
"Raees က အလုပ္မ်ိဳးစုံလုပ္ခ်င္လုပ္မယ္
ဒါေပမဲ့ ဘာသာေရးကိုခုတုံးလုပ္ၿပီး ဘယ္ေတာ့မွစီးပြားေရးမလုပ္ဘူး"
ဒါေပမဲ့ ဘာသာေရးကိုခုတုံးလုပ္ၿပီး ဘယ္ေတာ့မွစီးပြားေရးမလုပ္ဘူး"
"ေနာက္ၿပီး က်ဳပ္ကို ဘယ္ေတာ့မွ ေလးလုံး(မ်က္မွန္တပ္သူ)လို႔ မေခၚနဲ႕"
____________________________
ဇာတ္လမ္းအက်ဥ္း
____________________________
ဇာတ္လမ္းအက်ဥ္း
အိႏၵိယနိုင္ငံက ဂူဂ်ာရက္ျပည္နယ္က အရက္ေမွာင္ခိုနဲ႕ပတ္သက္ရင္ နာမည္အႀကီးဆုံးျပည္နယ္တစ္ခုပဲ။ ကေလးအစ လူႀကီးအဆုံး၊ လူဆိုးအစ ရဲအဆုံး ျပည္နယ္မွာရွိတဲ့ လူအေတာ္မ်ားမ်ားက ေမွာင္ခိုလုပ္ငန္းမွာ ပတ္သတ္ၾကတယ္။ Raees (ရအိးစ္) ကလည္း ဂူဂ်ာရက္ျပည္နယ္သားဆိုေတာ့ ငယ္ငယ္ကတည္းက ေမွာင္ခိုဗီဇကပါလာၿပီးသား။ ေက်ာင္းလြယ္အိတ္ထဲမွာ အရက္ပုလင္းထည့္ၿပီး ရဲေတြအေရွ႕ကေနပဲ ေခါက္တုံ႕ေခါက္ျပန္ျဖတ္ၿပီး ေမွာင္ခိုအလုပ္ကိုလုပ္ကိုင္လာခဲ့သူ။ အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူမ်ားလက္ေအာက္ကေနခြဲထြက္ၿပီး ကိုယ္ပိုင္ေမွာင္ခိုလုပ္ငန္းကို အႀကီးအက်ယ္လုပ္ေတာ့တာပဲ။ ငယ္ငယ္ကတည္းက ဉာဏ္ေကာင္းၿပီး သြက္လက္တဲ့ Raees အတြက္ကေတာ့ ရဲေတြဘယ္ေလာက္ဖမ္းဖမ္း၊ ဘယ္ေလာက္အတားအဆီးရွိရွိ ကုန္းလမ္းကတစ္မ်ိဳး၊ ေရလမ္းကတစ္သြယ္၊ ေနာက္ဆုံးလွည္းေပါင္းမ်ားစြာ အသုံးျပဳၿပီးေတာ့ လိုခ်င္တဲ့ပစၥည္းကို ေရာက္ေအာင္ပို႔ေပးတဲ့ Raees အတြက္ကေတာ့ ေအာင္ျမင္မႈေတြရလာတာ ေနာက္ဆုံးျပည္နယ္ရဲ႕ ဝန္ႀကီးခ်ဳပ္ေနရာပါ ဝင္ေရာက္အေ႐ြးခံပါေတာ့တယ္။ ေမွာင္ခိုသမား၊မူးယစ္ရာဇာေတြရဲ႕ ထုံစံအတိုင္း တစ္ေလာကလုံးကမုန္းေပမယ့္ သူ႕ျပည္နယ္သြားေတြကေတာ့ ခ်စ္ၾကတယ္။ ခ်စ္ဆို Raees ကလည္း သူတို႔ျပည္နယ္အတြက္ လိုေလေသးမရွိအေထာက္အပံ့ အကူအညီေပးထားတာကိုး။ ဒီလိုတစ္ျပည္နယ္လုံးရဲ႕ ခ်စ္ခင္မႈကိုရထားတဲ့ ေမွာင္ခိုဘုရင္ႀကီးကို တရားဥေပအတိုင္းစီရင္မယ့္ အမွန္တရားဘက္ေတာ္သားကေတာ့..........
ရဲမႉးႀကီး Majmudar (Nawazuddin Sudiq or Nawab) ကေတာ့ ရဲဆိုမွရဲ ေဒါင္ေဒါင္ျမည္ အမွန္တရားေပတံႏွင့္ တစ္ျပားသားမွမေလွ်ာ့တဲ့ အိႏၵိယနိုင္ငံရဲ႕ ရွားပါးစားရင္းဝင္ လာဘ္မစား၊ အက်င့္မပ်က္တဲ့ရဲမႉးႀကီး၊ သူ႕မွာေတာ့ လူဆိုးဂိုဏ္းတရားခံမ်ားကို အမိအရလက္ဝယ္ဖမ္းမိနိုင္ေပမယ့္ အၿမဲဖမ္းနိုင္လို႔ဆိုၿပီး ရာထူးခဏခဏအခ်ခံရကာ ေနာက္ဆုံး ရဲဌာနရဲ႕ဖုန္းအဝင္အထြက္စစ္ေဆးေရးအထိ ေရာက္သြားခဲ့ရသူ။ ဒါေပမဲ့ အမွန္တရားအတြက္ပတ္သက္ရင္ တစ္ျပားမွ မေလွ်ာ့တဲ့ ရဲမႉးႀကီး Majmudar နဲ႕ ေမွာင္ခိုဘုရင္၊ ဂူဂ်ာရက္ျပည္နယ္ရဲ႕အခ်စ္ေတာ္ Raees တို႔ ထပ္တိုက္ေတြ႕ဆုံခ်ိန္မွာေတာ့.....အမွန္တရားကအနိုင္ရသြားမလား......Raees ကေကာ ရဲမႉးႀကီးလက္ကေနပဲ လြတ္ေအာင္ေျပးနိုင္မလား.........
"Raees နဲ႕ကိုယ္နဲ႕ဆက္ဆံေရးက ေတာ္ေတာ္ထူးဆန္းတယ္ဗ်
နီးနီးမွာလဲ မေနနိုင္
သူေတာင္းစား !! ေဝးေဝးလဲေပးမသြားဘူး"
Nawab
နီးနီးမွာလဲ မေနနိုင္
သူေတာင္းစား !! ေဝးေဝးလဲေပးမသြားဘူး"
Nawab
ဇာတ္ကားအေၾကာင္း
ဒီဇာတ္ကားကေတာ့ ေဘာလီးဝုဒ္ရဲ႕ နာမည္ႀကီး မင္းသား Shah Rukh Khan or SRK ရဲ႕ ကာလာရွည္ၾကာခဲ့တဲ့ ႐ုပ္ရွင္တစ္ကားလည္းျဖစ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႐ုံတင္ရက္ကိုေနာက္ဆုတ္ရင္း ယခု ၂၀၁၇ ေရာက္မွာ ႐ုံတင္ျပသနိုင္ခဲ့တာပါ။ ဒီဇာတ္ကားရဲ႕ treaser trailer ကို ၂၀၁၅ တုန္းကလြင့္တင္ခဲ့ခ်ိန္မွာ ပရိသတ္ေတြအရမ္းကို အံၾသဝမ္းသာၿပီး ေတာ္ေတာ္ေလးေမွ်ာ္လင့္ခံခဲ့ရတဲ့ဇာတ္ကားတစ္ကား ျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ မင္းသား Shah Rukh Khan ရဲ႕ ႏွစ္ေပါင္းၾကာမ်ားစြာမွ လူဆိုးဇာတ္ေကာင္စရိုက္အျဖစ္ ျပန္ရိုက္တဲ့ဇာတ္ကားတစ္ကား ျဖစ္လို႔ပါ။
အိႏၵိယနိုင္ငံမွာ သ႐ုပ္ေဆာင္ေတြ အထူးသျဖင့္ မင္းသားေတြက လူထုေပၚအရမ္းလႊမ္းမိုးနိုင္စြမ္းရွိတယ္။ ဒီထဲမွာမွ အမီတာဘဂ်မ္းနဲ႕ ရွာ႐ြတ္ခန္းတို႔ကေတာ့ သူတို႔ေလာကမွာဘုရင္ေတြပါပဲ။ သူတို႔ရဲ႕ရိုက္ကူးတဲ့ ဇာတ္ကားေတြထဲမွာ ပါဝင္တဲ့ ဇာတ္ေကာင္ေတြရဲ႕ ဇာတ္႐ုပ္အတိုင္း အျပင္မွာျပဳမႈၾကတဲ့သူေတြက ဒုနဲ႕ေဒးပါ။ အရမ္းကို ႐ူးသြပ္ၾကတဲ့ ပရိသတ္ေတြဆိုတာ အိႏၵိယနိုင္ငံက ပရိသတ္ေတြပါလို႔ ေျပာစမွတ္တြင္တဲ့အထိ အ႐ူးအမူးအားေပးၾကတာပါ။ ဒါေၾကာင့္ ပရိသတ္ေတြအတုယူမွားမွာဆိုးတာေၾကာင့္ ဒီမင္းသားႀကီးႏွစ္ေယာက္က အျပဳသေဘာေဆာင္တဲ့ ဇာတ္ေကာင္ေတြပဲ အဓိကေ႐ြးၿပီးသ႐ုပ္ေဆာင္ေလ့ရွိပါတယ္။
မင္းသား SRK က ဗီလိန္ဇာတ္႐ုပ္နဲ႕ သ႐ုပ္ေဆာင္ဘဝအစမွာ နာမည္ႀကီးလာတဲ့သူပါ။ ေနာက္ပိုင္း အခ်စ္ဇာတ္ကားေတြ အရိုက္မ်ားလို႔ Romance King လို႔ အမည္တြင္လာခဲ့ေပမယ့္ စြယ္စုံရမင္းသားအတြက္ေတာ့ ဗီလိန္ဇာတ္႐ုပ္ေနရာမွာလည္း ပိုင္နိုင္စြာသ႐ုပ္ေဆာင္နိုင္တာေၾကာင့္ ပရိသတ္ေတြက ဗီလိန္ဇာတ္႐ုပ္၊လူဆိုးဇာတ္႐ုပ္နဲ႕ ျမင္ေတြ႕ခ်င္လိုပါတယ္။ မင္းသား SRK က သူ႕ပရိတ္ေတြရဲ႕ ႐ူးသြပ္မႈကိုသိတာေၾကာင့္ ဗီလိန္ဇာတ္႐ုပ္ေတြကို ေရွာင္ရွားေနရာမွ ယခုပထမဆုံးအႀကိမ္ျပန္ရိုက္ကူးခ်ိန္ျဖစ္ပါတယ္။
Raees ရဲ႕ဇာတ္႐ုပ္ကလည္း ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းပါတယ္။ အရက္ေမွာင္ခိုသမားအေနနဲ႕ ဘယ္နည္းလမ္းမဆိုသုံၿပီးေမွာင္ခိုလုပ္တာက ေနာက္ဆုံးခရမ္းခ်ဥ္သီးထဲကို ေဆးထိုးအပ္နဲ႕အရက္ကိုထိုးၿပီး ေရာင္းတဲ့အထိပါပဲ။ ရဲေတြကို အပိုင္အိပ္ကပ္ထဲထည့္ၿပီး ရႈပ္ေထြးေပြလီတဲ့ ရဲနဲ႕ဒုစရိုက္သမားၾကားက စိတ္ပ်က္ဖြယ္၊ေအာ့ႏွလုံးနာဖြယ္ေကာင္းတဲ့ ဆက္ဆံမႈေတြ၊အေပးအယူေတြ၊ နိုင္ငံေရးအတြက္ ဘာသာေရးကိုခုတုံးလုပ္ၾကတဲ့ ဝန္ႀကီးေတြအေၾကာင္းကို ကြက္ကြက္ကြင္းကြင္းျမင္ေအာင္ ရိုက္ျပနိုင္ခဲ့ပါတယ္။ မင္းသား ရွ႐ြတ္ခန္းကလည္း အပိုအလိုမရွိ အေကာင္းဆုံးသ႐ုပ္ေဆာင္သြားနိုင္ပါတယ္။
မင္းသမီးအျဖစ္ကေတာ့ ပါကစၥတန္မင္းသမီး Mahira Khan (မီရာခန္း) က Raees ရဲ႕မိန္းမ Asiya အျဖစ္ အေကာင္းဆုံးသ႐ုပ္ေဆာင္သြားခဲ့ပါတယ္။ ဒီဇာတ္ကား႐ုံတင္ျပသဖို႔ စီစဥ္ေနတဲ့အခ်ိန္မွာပဲ အိႏၵိယနိုင္ငံနဲ႕ ပါကစၥတန္နိုင္ငံၾကား တင္းမာမႈေတြရွိလာတာေၾကာင့္ ႏွစ္နိုင္ငံစလုံးက ဒီကားကိုပိတ္ပင္မႈေတြ ျပလုပ္ခဲ့ေသာေၾကာင့္ တစ္ခ်ိဳ႕အခန္းေတြကို ဆင္ဆာျဖတ္ၿပီးမွ ျပသခြင့္ရခဲ့ပါတယ္။
ေနာက္ၿပီး အဓိကခ်ီးက်ဴးမိတာကေတာ့ Raees နဲ႕ အၿပိဳင္သ႐ုပ္ေဆာင္တဲ့ ရဲမႈးႀကီး Majmudar အျဖစ္သ႐ုပ္ေဆာင္တဲ့ မင္းသား Nawab(အတိုေကာက္ ေခၚတာ)ပါ။ သူ႕ကို ျမန္မာျပည္ပရိသတ္ေတြကေတာ့ Bajrangi Bhaijaan ဇာတ္ကားမွာ မင္းသား Salman Khan ရဲ႕ ကေလးကိုျပန္ပို႔ေပးတဲ့ခရီးစဥ္မွာ သတင္းေထာက္အျဖစ္ပါဝင္ခဲ့သူဆိုရင္ မွတ္မိမယ္ထင္ပါတယ္။ အသက္ႀကီးမွ ေအာင္ျမင္လာတဲ့ Nawab အတြက္ကေတာ့ ဒီဇာတ္ကားမွာေတာ့ လုပ္ကြက္အျပည့္ရၿပီး သ႐ုပ္ေဆာင္ပညာကိုျပသနိုင္႐ုံသာမက ေဝဖန္ေရးေတြရဲ႕ခ်ီးက်ဴးမႈကို ရရွိခဲ့ပါတယ္။ ႐ုပ္ရွင္မထြက္ခင္က စိုးရိမ္ခဲ့တဲ့ အၿပိဳင္သ႐ုပ္ေဆာင္မႈေတြမွာ မင္းသားႀကီး SRK နဲ႕ တန္းတူသ႐ုပ္ေဆာင္နိုင္တာေၾကာင့္ ဇာတ္ကပိုၿပီးအသက္ဝင္လွပါတယ္။
ေနာက္ၿပီး ကိုကိုဦးဦးေတြအႀကိဳက္ Porn Star မွ ေဘာလီးဝုဒ္မင္းသမီးျဖစ္လာတဲ့ Sunny Leons က Laila Main Laila သီခ်င္းမွာပါဝင္ၿပီး အကအလွေတြျပထားပါေသးတယ္။ အဲ့သီခ်င္းကေတာ့ အရမ္းမိုက္😬😬😀😍😍😍
ေနာက္ၿပီး Zaalima သီခ်င္းနဲ႕ အရမ္းစိတ္ထိခိုက္ဖို႔ေကာင္းတဲ့ Saanso Ke ဆိုတဲ့ သီခ်င္းေကာင္းေတြလည္း ပါဝင္ပါတယ္။
ေနာက္ၿပီး Zaalima သီခ်င္းနဲ႕ အရမ္းစိတ္ထိခိုက္ဖို႔ေကာင္းတဲ့ Saanso Ke ဆိုတဲ့ သီခ်င္းေကာင္းေတြလည္း ပါဝင္ပါတယ္။
ဒီဇာတ္ကားကိုရိုက္ကူးထားတဲ့ ဒါရိုက္တာကေတာ့ Rahul Dholakia ျဖစ္ၿပီး မင္းသားနဲ႕ထုတ္လုပ္ေရးေတြကိုယ္တိုင္ ခ်ီးက်ဴးမႈကိုခံခဲ့ရပါတယ္။ ဒီဇာတ္ကားရဲ႕အသက္ျဖစ္တဲ့ ၁၉၈၀ ျပည့္ႏွစ္ ဂူဂ်ာရက္ျပည္နယ္ရဲ႕ ဆက္တင္ကို အေကာင္းဆုံးအသက္သြင္းထားၿပီး Raees ရဲ႕ ငယ္ဘဝကေန အသက္ႀကီးတဲ့အခ်ိန္ထိျပခ်င္တဲ့ ရွည္လ်ားမ်ားျပားတဲ့ဇာတ္လမ္းကို အေကာင္းဆုံးဇာတ္ၫႊန္းနဲ႕ ပုံေဖာ္နိုင္ခဲ့သူပါ။ ဇာတ္လမ္းကတစ္ခ်က္မွ မပ်င္းရေအာင္ဆြဲေဆာင္မႈ ရွိလွပါတယ္။
ပထမကေတာ့ ဒီဇာတ္ကားကို ပုံမွန္ေဘာလီးဝုဒ္ဇာတ္ကားလို႔ ထင္မွတ္ခဲ့ၿပီး သိပ္မေမွ်ာ္လင့္ပဲ သြားၾကည့္ၿပီးေတာ့မွ အထင္နဲ႕တက္တက္စင္ေအာင္လြဲခဲ့ရပါတယ္။ ဒီဇာတ္ကားရဲ႕အေၾကာင္းအရာက ပုံမွန္ေဘာလီးဝုဒ္ဇာတ္ကားမၾကည့္တဲ့သူေတြ၊ ေဟာလီဝုဒ္ဇာတ္ကားသာၾကည့္သူေတြပါ အႀကိဳက္ေတြ႕ေစမယ့္ ဇာတ္ကားတစ္ကားပါ။ Action Crime Drama ဇာတ္ကားေကာင္းၾကည့္ခ်င္တဲ့သူေတြက လက္မလြတ္သင့္တဲ့ဇာတ္ကားတစ္ကားပါ။ ဇာတ္ဝင္ခန္းေတြမွာသုံးတဲ့ စကားလုံးေတြကလည္း အရမ္းေကာင္းပါတယ္။ ကိုယ္တိုင္ခံစားၾကည့္ခ်င္ေစခ်င္ပါတယ္။
Raees ဇာတ္ကားနဲ႕ဆက္စပ္ေသာ အခ်က္အလက္မ်ား
ဒီဇာတ္ကားရဲ႕ အဓိကအေျခခံတဲ့ ဂူဂ်ာရက္ျပည္နယ္ဟာ ဆြန္နီမြတ္စလင္မ္၊ရွီယာမြတ္စလင္မ္၊ဟိႏ္ႏူဘာသာဝင္တို႔ အဓိကေနထိုင္ရာ ျပည္နယ္ႀကီးတစ္ခုျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ မင္းသားရွာ႐ြတ္ခန္းက ရွီယာမြတ္စလင္မ္တစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။
ဆြန္နီမြတ္စလင္မ္နဲ႕ရွီယာမြတ္စလင္မ္က ယုံၾကည္မႈ၊ဘာသာေရးအေလ့အထက အနည္းငယ္ကြဲျပားၾကပါတယ္။ ကြၽန္ေတာ္တို႔နိုင္ငံမွာေတာ့ ဆြန္နီမီတ္စလင္မ္ကိုအမ်ားဆုံးေတြရၿပီး ရွီယာမြတ္လင္မ္ကနည္းပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕အေလ့အထကို သတိထားမိတဲ့သူနည္းပါတယ္။ ဒီဇာတ္ကားထဲမွာ မင္းသားရွာ႐ြတ္ခန္းက ရွီယာမြတ္စလင္မ္ေတြရဲ႕ ႏွစ္သစ္ကူး မုရ္ဟရမ္လမွာ က်င္းပတဲ့ အာရႉရာေန႕ေအာက္ေမ့ဖြယ္ အခမ္းအနားမွာပါဝင္ဆင္ႏြဲတဲ့ ဇာတ္ဝင္ခန္း ၃ ခန္းေလာက္ပါတဲ့အတြက္ သိေအာင္ေဝမွ်ရျခင္းျဖစ္ပါတယ္။ အဲ့လိုမ်ိဳး ပြဲေတာ္ကို ရန္ကုန္ုၿမိဳ႕ ပန္းဘဲတန္းၿမိဳ႕နယ္ လမ္း၃၀ ေအာက္လမ္းမွာ က်င္းပေလ့ရွိပါတယ္။ အရင္တုန္းက လူအမ်ားသိပ္မသိၾကေပမယိ့ ဒီဘက္ႏွစ္ပိုင္းမွာေတာ့ Facebook ေၾကာင့္ လူသိမ်ားလာပါတယ္။
ေနာက္ၿပီး ဒီ Raees ဆိုတဲ့ ဇာတ္ေကာင္က ဂူဂ်ာရက္ျပည္နယ္ရဲ႕ ဒုစရိုက္ေခါင္းေဆာင္ Abdul Latif ရဲ႕ ဘဝကို ရိုက္ကူးတယ္လို႔ ေျပာၾကားမႈေတြ ရွိေပမယ့္ ႏွစ္ဖက္စလုံးက မဟုတ္ေၾကာင္း ျငင္းဆိုထားပါတယ္။ ဒါရိုက္တာကေတာ့ စိတ္ကူးယဥ္ဇာတ္ေကာင္ တစ္ခုအျဖစ္သာပုံေဖာ္ထားေၾကာင္း ျပန္လည္ေျဖၾကားထားပါတယ္။
ေနာက္ထပ္အေနနဲ႕ ဒီ Raees ဇာတ္ကားထဲမွာ 1990 ျပည့္ႏွစ္ပိုင္းမွာ အိႏၵိယနိုင္ငံ ဂူဂ်ာရက္ ျပည္နယ္မွာျဖစ္ခဲ့တဲ့ ဟိႏၵဴႏွင့္ မြတ္စလင္မ္တို႔ရဲ႕ အဓိက႐ုဏ္းအေရးအခင္းအေၾကာင္းနဲ႕ မြမ္ဘိုင္းဗုံးခြဲတိုက္ခိုက္ခံရတဲ့ အေၾကာင္းအရာမ်ားကို ဇာတ္ၫႊန္းမွာ လိုက္ဖက္ညီစြာ ထည့္သြင္းထားပါေသးတယ္။ ေတာ္ေတာ္ေလးကို စိတ္ဝင္စားဖြယ္ေကာင္းတဲ့ ႐ုပ္ရွင္ဇာတ္ကားပါ။ သမိုင္းအေၾကာင္းစိတ္ဝင္စားသူေတြပါ ၾကည့္သင့္ပါတယ္။
ေနာက္ဆုံးအေနနဲ႕ကေတာ့ Raees ဇာတ္ကားကေတာ့ အခုေနာက္ပိုင္းေတြ႕ရရွားပါးလာတဲ့ Crime Drama ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ ဇာတ္လမ္းကေျပာခ်င္တဲ့ အေၾကာင္းအရာေလးေတြလည္းေကာင္းသလို ဇာတ္လမ္းအစအဆုံးဆြဲေဆာင္မႈရွိတဲ့ဇာတ္ကားလည္း ျဖစ္ပါတယ္။ လက္ရွိမွာ ျပည္တြင္းက႐ုံေတြမွာလည္း နိုင္ငံတကာနဲ႕အၿပိဳင္ျပသေနၿပီျဖစ္တာေၾကာင့္ သြားေရာက္ၾကည့္ရႈနိူင္ပါၿပီလို႔ ေျပာၾကားရင္း.........Raees ရဲ႕စကားေလးနဲ႕ အဆုံးသတ္ခ်င္ပါတယ္။
"ဂူူဂ်ာရတ္ရဲ႕ေလထုမွာ စြန႔္စားမႈ (ကူးစက္ေစတတ္တဲ့ Virus ) ေတြရွိတယ္ကိုယ့္ဆရာ
ကိုယ့္အသက္ရႉသံေတြကိုရပ္တန႔္ေစခဲ့ဦး
ဂူူဂ်ာရတ္ရဲ႕ေလထုကို ဘယ္လိုရပ္တန႔္မွာလဲ ??"
ကိုယ့္အသက္ရႉသံေတြကိုရပ္တန႔္ေစခဲ့ဦး
ဂူူဂ်ာရတ္ရဲ႕ေလထုကို ဘယ္လိုရပ္တန႔္မွာလဲ ??"
Credit
.
Post a Comment